ကာဘူးလ်၊ ဇန်နဝါရီ(၆)
အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့တွေ ခိုအောင်းရာနေရာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၈ ဦးသေဆုံးပြီး ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာလီဘန်တို့က ဒီဇင်ဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။
တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရှိ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ခံအားပေးသူတွေကို စည်းရုံးဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်အဖွဲ့ကို ကာလရှည်ကြာ တိုက်ခိုက်နှိမ်နင်းလျက်ရှိတာပါ။
“ဒီအဖွဲ့ဝင်တွေဟာ တရုတ်တွေတည်းတဲ့ ဟိုတယ်ကိုတိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ပြည်ပက ISKP အဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်ကိုလာဖို့ လမ်းခင်းခဲ့သူတွေဖြစ်တယ်” လို့ တာလီဘန်ပြောခွင့် ရပုဂ္ဂိုလ်မစ္စတာ မူဂျာဟစ်က တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။
လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အများအပြားကို လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းထားပြီဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
ကဘူးလ်မြို့လယ်ရှိ ဟိုတယ်တစ်ခုတစ်ခုမှာ တရုတ်နိုင်ငံသား ငါးဦးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ သေနတ်ပစ်မှု နဲ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို ရည်ညွှန်းပြီး မစ္စတာမူဂျာဟစ်က ပြောခဲ့တာ ဖြစ်ပါတယ်။
တာလီဘန်တွေ အာဏာရလာပြီးနောက် နိုင်ငံတွင်းတရုတ်တို့ရဲ့အကျိုးစီးပွားကို ပထမဆုံးသော တိုက်ခိုက်ခံရမှုဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
“ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ သဘောသဘာဝက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး တရုတ်ဘက်က အလွန် တုန်လှုပ်သွားပါတယ်” လို့ အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ တရုတ်နိုင်ငံသား အယောက် ၃၀ ကျော်ဟာ ဟိုတယ်ထဲမှာရှိနေခဲ့ကြောင်း ကာဘူး လ်မြို့ရှိ China Town စီးပွားရေးလုပ်ငန်းစုရဲ့ အကြီးအကဲနဲ့ အာဖဂန်နစ္စတန်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ယူမင်ဟူက ပြောကြားခဲ့ပါတယ်။
“သူတို့ထဲက ၅ ဦးက အရေးပေါ်ဆေးရုံမှာ ICU မှာနေပြီး ၁၄ ဦးလောက်က အပေါ်ယံဒဏ်ရာတွေ ရခဲ့တယ်” လို့ တိုက်ခိုက်မှုအပြီးမှာ သူကပြောခဲ့ပါတယ်။
Ref: The National News