မော်စကို – ဇန်နဝါရီ(၆) 

ဥရောပရဲ့ ပိတ်ဆို့မှုတွေခံထားရတဲ့ ရုရှားဟာ အာတိတ်ဒေသက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ပိုမိုသက်သာတဲ့ လျှော့စျေးနဲ့ တင်ပို့နေတယ်လို့ ကုန်သွယ်ရေး သတင်းရင်းမြစ်တွေနဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

အာတိတ်အဆင့် Arco၊ Arco/Novy Port နဲ့ Varandey တို့ကို ပုံမှန်အားဖြင့် ကမ္ဘာ့အရှေ့ပိုင်းဒေသ ကို တင်သွင်းလေ့မရှိမရှိပေမယ့် လက်ရှိမှာတော့ ဥရောပသမဂ္ဂ၊G-7 နိုင်ငံတွေနဲ့ ဩစတြေးလျ တို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရုရှားရေနံကို စျေးနှုန်းသတ်မှတ်ပေးပြီးနောက် အီးယူရဲ့ ပင်လယ် ရေကြောင်းနဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ 

ရောင်းချသူတွေက ပိုမိုမြင့်မားတဲ့ ပို့ဆောင်ခတွေ ကုန်ကျနိုင်ပေမယ့် ရုရှားရေနံစိမ်းတွေကို ပိုမို လျှော့စျေးနဲ့ ရောင်းချကြတာဖြစ်ပါတယ်။ 

“ဒီအာတိတ်ရေနံတွေအားလုံးက အီးယူကို သွားလေ့ရှိပေမယ့် အခုတော့ တခြားနေရာကို သွားရမှာ” လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ 

အိန္ဒိယကို အာတိတ်ရေနံတင်ပို့မှုတွေဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး ဆက်တိုက်မြင့်တက်လာခဲ့ သလို နိုဝင်ဘာလမှာ စည်ပေါင်း (၆.၆၇) သန်းနဲ့ ဒီဇင်ဘာလမှာ စည်ပေါင်း (၄.၁) သန်း စံချိန်တင် ပို့ဆောင်ခဲ့တယ်လို့ ငွေကြေးစျေးကွက်ဒေတာနဲ့ အခြခံအဆောက်အအုံ Refinitiv ကုမ္ပဏီရဲ့ ငွေကြေးစျေးကွက်ဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 

ဥရောပ၊ မြေထဲပင်လယ်နဲ့ စူးအက်တူးမြောင်းတို့ကို ဖြတ်ကျော်ပြီး Bharat Petroleum ကော်ပိုရေးရှင်းအတွက် စည်(၉) သိန်းတင် ကုန်တင်သင်္ဘောကို ဒီဇင်ဘာလ(၂၇) ရက်နေ့က ရော့တာဒမ်မှာ တင်ဆောင်ခဲ့ကာ ဘယ်ကုမ္ပဏီက ဝယ်ယူခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။ 

ဒါ့အပြင် ရုရှားက အိန္ဒိယဝယ်လက်တွေဆီ ကမ်းလှမ်းနေတဲ့ အခြားအဆင့်ရေနံစိမ်းတွေမှာလည်း ကောင်းမွန်လုံလောက်တဲ့ ပမာဏရှိတယ်လို့ အိန္ဒိယ ရေနံသန့်စင်ရေး ကုမ္ပဏီ သတင်းရင်းမြစ် တစ်ခုက ပြောခဲ့ပါတယ်။ 

Mars နဲ့  West Texas Intermediate လိုအရည်အသွေးရှိတဲ့ US ရေနံစိမ်းတွေနဲ့ နှိုင်းယှဉ်ရင် Arco နဲ့ Novy Port တို့လို ထုတ်လုပ်မှု အဆင့်တွေက စုစုပေါင်း ထုတ်ကုန် အမြတ်အစွန်းတွေဟာ တစ်စည်ကို (၁၀) ဒေါ်လာထက်ပိုများနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

Murmansk ဆိပ်ကမ်းမှာ အာတိတ်ရေနံ တင်ဆောင်တဲ့ အနည်းဆုံး ရေနံတင်သင်္ဘော သုံးစင်း ဟာ လက်ရှိမှာတော့ တရုတ်နိုင်ငံကို ဦးတည်နေပြီးဖြစ်တယ်လို့ Refinitiv ရဲ့ အချက်အလက် တွေမှာ ဖော်ပြထားပါတယ်။  

ဒီသင်္ဘောတွေ သယ်ဆောင်တဲ့ အဆင့်တွေကို Arco အဖြစ် တရုတ်ကုန်သည်တစ်ဦးက Varandey ရေနံစိမ်းတွေ သင်္ဘောပေါ် တင်ဆောင်နိုင်တယ်လို့ Refinitiv ကပြောခဲ့ပေမယ့် ဘယ်သန့်စင်ရေး လုပ်ငန်းရှင်က ကုန်ပစ္စည်းတွေ ဝယ်ယူတယ်ဆိုတာ မသိရသေးပါဘူး။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.