ဟနွိုင်း – ဇန်နဝါရီ(၆)
ဗီယက်နမ်အစိုးရက အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်ဆိုတဲ့ ဒုဝန်ကြီးနှစ်ဦးကို ကာလကြာရှည် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။
ပါလီမန်က အဲဒီဝန်ကြီးနှစ်ပါးဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ပေးတာမရှိ ပေမယ့် ဇန်နဝါရီလ(၅) ရက်နေ့ အစောပိုင်းမှာ ဗီယက်နမ်းဝန်ကြီးချုပ် ဖန်မင်းချင် က ဝန်ကြီး နှစ်ပါးဖြစ်တဲ့ မစ္စတာ ဒမ်နဲ့ မစ္စတာ မင်း တို့ကို သူတို့ရဲ့ တောင်းဆိုမှုနဲ့အတူ ဖြုတ်ချဖို့အတွက် အမျိုးသားညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ VnExpress သတင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထား ပါတယ်။
ဗီယက်နမ် အမျိုးသားညီလာခံရဲ့ ဆန္ဒမဲစာရင်းမှာ (၄၈၄) ဦး မဲပေးခဲ့ပြီး (၄၇၆) ဦးက ဝန်ကြီး နှစ်ပါးဖြုတ်ချရေးမဲပေးခဲ့သလို ကျန်တဲ့ (၃) ဦးကတော့ မဲပေးခဲ့တာမရှိပါဘူး။
ဖြုတ်ချခံလိုက်ရတဲ့ ဒုတိယဝန်ကြီးနှစ်ပါးနေရာမှာ သဘာဝအရင်းအမြစ်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး နဲ့ ဟိုင်ဖွန်ခရိုင် ဒေသန္တရ ကွန်မြူနစ်ပါတီ အကြီးအကဲတို့ကို အစားထိုးခန့် အပ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ပါတီတာဝန်ရှိသူတွေဟာ ပါတီဝင်တွေ အနေနဲ့ စည်းကမ်းလိုက်နာမှု မရှိဘဲ အရည်အချင်းနိမ့်ကျတယ်လို့ ယူဆရင် ရာထူးက နုတ်ထွက်ဖို့ ပြောခဲ့ပါတယ်။
ပါတီတွင်းတာဝန်ရှိသူတွေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ထိရောက်မှုမရှိပါက သို့မဟုတ် အမှားအယွင်းတွေ ကျူးလွန်သူတွေကို အချိန်မီ ထုတ်ပယ်ဖို့လည်း ပါတီအကြီးအကဲ Nguyen Phu Trong က တိုက်တွန်းထားပါတယ်။
အာဏာပိုင်တွေနဲ့ စီးပွားရေးသမား အများစုကို ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဒုဝန်ကြီး နှစ်ပါးကို အာဏာပိုင်တွေက ဖြုတ်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လူဦးရေ (၁၀၀) မီလျံရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေဟာ နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ လိုအပ်ပြီး အဲဒီကတဆင့် စီးပွားရေး အကျိုးအမြတ်တွေ ရရှိနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
Ref:The Straitstimes