ဒီးမော့ဆို – ဇန်နဝါရီ(၆)

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ်ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်က (၇၉၇) ဦးသေဆုံးပြီး (၉၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေး (KNDF) ကသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာ စစ်ရေးသတင်း အနှစ်ချုပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဇန်နဝါရီလ(၆) ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

တိုက်ပွဲတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA) အပါအဝင် တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကယားပြည်နယ်အဝှမ်း စစ်မျက်နှာ ဖွင့်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၁၃) ဦးသေဆုံးခဲ့ပြီး (၆၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်အဆောက် အဦး (၆၇) လုံး အပါအဝင် ဘာသာရေးအဆောက်အဦး(၄)လုံး စေတီ(၁)ဆူ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း KNDF ကလက်နက်ငယ်(၃၃)လက်၊ လက်နက်ကြီး(၇) လက်အပြင် ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း(၁၁) ဦးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကယားပြည်နယ်အခြေစိုက် တပ်မ(၆၆) အပါအဝင် နယ်မြေခံတပ်ရင်းတွေ က စစ်ကောင်စီတပ် သား(၇) ဦးCDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် KNDF ရဲဘော် (၆၅) ဦး ရဲရင့်စွာ ကျဆုံးခဲ့တာ ကြောင့် အာဇာနည် သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်အလေးပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.