2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အဂတိအမှုတွေနဲ့ နောက်ရုံးချိန်းအမိန့်ချမယ်

နေပြည်တော် – ဒီဇင်ဘာ(၂၆) စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အဂတိအမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နောက်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်မှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြော ပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ်ဝယ်ယူဌားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့…

၂၀၂၂ ခုနှစ် AFF Mitsubishi Electric Cup ပွဲစဉ်တွေကို ထိုင်းရုပ်သံလိုင်းတွေက အခမဲ့ပြသသွားမယ်

စင်္ကာပူ၊ ဒီဇင်ဘာ(၂၇) ထိုင်းနိုင်ငံက ဘောလုံးပရိသတ်တွေအတွက် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ မစ်ဆူဘီရှီ အီလက်ထရစ်ဖလားပွဲစဉ်တွေကို ဒီကနေ့ ဒီဇင်ဘာ(၂၆) ရက်နေ့ကစပြီး အခမဲ့ထုတ်လွှင့်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ AFF Mitsubishi Electric Cup ရဲ့ ကျန်ရှိတဲ့ပွဲစဉ်တွေကို ထိုင်းအစိုးရပိုင် Free to Air ရုပ်သံလိုင်းဖြစ်တဲ့ T-Sport နဲ့ Channel 9 MCOT…

ဘရာဇီးလ်တိုက်စစ်ကစားသမား ကူဟာကို ဝုလ်ဖ်အသင်း ခေါ်ယူ

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂၆) ပရီးမီးယားလိဂ်ကလပ်အသင်း ဝုလ်ဖ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မတ်သက်စ်ကူဟာကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမား ကူဟာဟာ အခုရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲထွက်ခွင့် ၂ ပွဲသာ ရရှိထားပြီး အရန်တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေရတာပါ။ နှစ်ဖက်အသင်း သဘောတူထားတဲ့ စာချုပ်အရ ဝုလ်ဖ်အသင်းဟာ…

ကောလိပ်ကျောင်းသားတွေကို လက်လုပ်သေနတ်ရောင်းသူတွေဖမ်းဆီးခံရ

ဘန်ကောက် – ဒီဇင်ဘာ(၂၇) ထိုင်းနိုင်ငံအတွင်းက တရားမဝင်လက်နက်ရောင်းဝယ်ရေးကွန်ရက်ကို ဝယ်ယူသူတွေဆီမှာ ခြေရာခံဖမ်းဆီးခဲ့ပြီးနောက် လက်လုပ်သေနတ်တွေကို ထုတ်လုပ်ပြီး အင်တာနက်ပေါ်မှာ ရောင်းချနေသူ (၄) ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ခိုက်ရန်ဖြစ်ပွားလေ့ရှိတဲ့ အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုက ကျောင်းသားတွေရဲ့ ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး သူတို့ဆီက သေနတ်တွေနဲ့ တခြားသော လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပြီးနောက် အဲဒီကတဆင့် ရဲတပ်ဖွဲ့ကလူငယ်တွေ ဆီက…

ခရစ်စမတ်နေ့မှာ ရုရှားက ယူကရိန်းမြို့တွေပေါ်ကို ဒုံးကျည်မိုးရွာခဲ့

မော်စကို – ဒီဇင်ဘာ(၂၇) ယူကရိန်းမြို့တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့ ခရစ်စမတ်နေ့မှာ ရုရှားတပ်ဖွဲ့တွေက ဒုံးကျည် တွေပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို လမ်းဖွင့်ထားတယ်ဆိုတဲ့ ပြောဆိုချက်ကို အမေရိကန်က ဝေဖန်လိုက်ပါတယ်။ ရုရှားဟာ ခါကိဗ် ဒေသတစ်ခုလုံးကို ဒုံးကျည်(၁၀) စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ရှေ့တန်း တစ်လျှောက် မြို့ပေါင်း(၂၅) မြို့ကျော်ကို ပစ်ခတ်ခဲ့ကာ ဇာပိုရီဇီဇီယာက မြို့ပေါင်း…

“ဓာတ်ပုံတွေအရတော့ စားသောက်ဆိုင်တခုမှာ ခေါ်တွေ့တဲ့အဆင့်လောက်ပဲ ရှိပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ ထိုင်းအစိုးရဟာ စစ်ကောင်စီကို ဖိတ်ခေါ်ပြီး မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲအဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်တဲ့တွေထဲက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အာဆီယံရဲ့ အရေးကြီးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့…

မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံး

မြိုင် – ဒီဇင်ဘာ(၂၆) မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၄) ရက်နေ့က ဖောင်းကွဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်သာတွေကို အီနာဂါ အသုံးပြုထားတဲ့ ဒရုန်းတွေနဲ့…

ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ် တက်ရောက် ၊ လက်နက် ၅၀ ပေးအပ်

ကော်သူးလေ – ဒီဇင်ဘာ(၂၆) ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆) နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်း စစ်သင် တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသကို ပေးအပ်မယ့် လက်နက်တွေထဲက အလက်(၅၀) ပေးအပ်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တာ ပါ။ အစိုးရရဲ့ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားမဟာမိတ် တွေနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင်…

မြန်မာဘက်ကို ပို့မဲ့လက်နက်တွေထိုင်းမှာ မိတယ်လို့ စစ်ကောင်စီ ဘက်သားတွေ ပုံမှားရိုက်(အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့မဲ့လက်နက်တွေ ဘတ်သန်း(၅၀)ဖိုး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…