December 2022

ကော့ကရိတ်မြို့နယ်မှာ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံနေအိမ် ၁၄ လုံးထက်မနည်း ပျက်စီးခဲ့

ကော့ကရိတ်၊ ဒီဇင်ဘာ(၈)ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလားယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံနေအိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဘောဒိုင်းကျေးရွာထဲကို ကော့ကရိတ်အခြေစိုက်အမြှောက်တပ်ရင်းကနေ လက်နက်ကြီး…

စစ်အာဏာသိမ်း (၆၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၆၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၈) AAPP ရဲ့ ဒီဇင်ဘာ (၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၅)ရက်အတွင်း ပြည်သူ (၂၅၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၃၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတဝန်း စစ်ကောင်စီစစ်ရေး အရှိန်မြင့်တင်လာ

ရန်ကုန်၊ ဒီဇင်ဘာ(၈) အာဏာသိမ်းစစ်ကောင်စီက လာမယ့်နှစ်မှာနိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပဖို့အတွက် တော်လှန်ရေး အင်အားစုတွေအပေါ် စစ်ရေးအရှိန်မြင့်တင်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မျှော်မှန်းထားတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ စစ်ရေး အရှိန်မြင့်တင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့…

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီသီးရိုထာတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ဖာပွန်၊ ဒီဇင်ဘာ (၈) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စ ခန်း ၃ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားပြီလို့ ကရင်အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆)ရက်နေ့ မနက်အစောပိုင်းကစပြီး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့တပ်စခန်းတွေဖြစ်ကြတဲ့ လယ်တိုး၊ ခေါပူနဲ့ သီးရိုထာစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ဝေဖန်မှုမြင့်တက်နေတဲ့ ညောင်ခါးရှည်ဂိတ်မှာ ဖြေလျော့မှုတချို့ ရှိလာပေမယ့် ကြန့်ကြာမှုတွေရှိနေသေး

မော်လမြိုင်၊ ဒီဇင်ဘာ (၈) မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ လုံခြုံရေးအကြောင်းပြပြီး တပ်ဆင် စစ်ဆေးနေတဲ့ X-Ray စက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က ဖြေလျော့မှုတချို့ လုပ်ပေးလာပေမယ့် ကြန့်ကြာမှုတွေ ရှိနေသေးတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အရင်ကမည်သည့်ယာဉ်မဆို X-Ray စက်ကို ဖြတ်သန်းပြီးမှသာ ခရီးဆက်လက် ထွက်ခွာခွင့်ပြုတာကြောင့် ယာဉ်ပိတ်ဆို့မှုတွေ…

တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ခရီးစဉ် လုံခြုံရေးလာယူတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရ

တနင်္သာရီ၊ ဒီဇင်ဘာ(၈) စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့ ဖောင်တောကြီး ရေအားလျှပ်စစ်စီမံကိန်း ကွင်းဆင်းသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူပေးတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူတဲ့ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို သရက်ငုတ်ကျေးရွာ အရောက်မှာ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက…

ဗ.က.သ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ထောင်သုံးနှစ်ချခံရ

ရန်ကုန် – ဒီဇင်ဘာ(၇) နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို အင်းစိန်ထောင်တွင်း တရားရုံးက ဒီနေ့ ဒီဇင်ဘာလ(၇) ရက်နေ့ မှာ ထောင်ဒဏ်(၃) နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကိုလင်းထက်နိုင်ကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇွန်လ က ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး ခဲ့ပြီးနောက် နိုဝင်ဘာလမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး…

ဒဂုံတက္ကသိုလ်ကျောင်းသား(၇) ဦး သေဒဏ်ချမှတ်ခံရမှုအတွက် နိုင်ငံတကာကျောင်းသားတွေ ထိုင်းမှာဆန္ဒပြ

ချင်းမိုင်၊ ဒီဇင်ဘာ(၇) မတရားပြစ်ဒဏ်တွေနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား (၇)ဦးအတွက် သေဒဏ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို နိုင်ငံတကာကျောင်းသားတွေစုပေါင်းပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှာ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ စစ်ကောင်စီက ကျောင်းသူ၊ကျောင်းသားတွေကို သေဒဏ်ပေးသတ်ဖြတ်ဖို့ ကြိုးစားနေမှုအပေါ် ဆန့်ကျင်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ #StopExecutingOurStudent လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး…

ရုရှားနိုင်ငံထဲအထိ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ယူကရိန်းက သက်သေပြ

ကိဗ်ယက်၊ ဒီဇင်ဘာ(၈) ကီလိုမီတာရာနဲ့ချီဝေးတဲ့ ရုရှားနိုင်ငံထဲက လေတပ်စခန်းနှစ်ခုကို တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့ပြီး နောက်ထပ် တစ်ရက်အကြာမှာပဲ ယူကရိန်းက ရုရှားရဲ့ တတိယမြောက်လေယာဉ်ကွင်းတစ်ခုကို မောင်းသူ မဲ့လေယာဉ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းနယ်စပ်ရဲ့ မြောက်ဘက် ကီလိုမီတာ (၉၀) အကွာမှာရှိတဲ့ ရုရှားနိုင်ငံ ကာ့စ်မြို့က အရာရှိတွေဟာ ဒီဇင်ဘာ ၆ရက်နေ့က နောက်ဆုံ းတိုက်ခိုက်မှုအပြီး လေယာဉ်ကွင်းအပေါ်မှာ မဲမှောင်နေတဲ့ မီးခိုးပုံတွေကို…

ထိုင်းမှာ ဗီဇာရက်ကျော်နေသူတွေကို မျက်နှာ မှတ်မိနိုင်တဲ့ နည်းပညာ အသုံးပြုပြီး ဖမ်းဆီးနေ

ဘန်ကောက် – ဒီဇင်ဘာ(၈) ထိုင်းနိုင်ငံအတွင် ဗီဇာရက်ကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးရုံး တွေက ဖမ်းဆီးသွားမယ့် လှုပ်ရှားမှုကို ဒီဇင်ဘာလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၁၀) ရက် အတွင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဖမ်းဆီးချိန်မှာလဲ မျက်နှာ မှတ်မိနိုင်မယ့် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာသစ်ကို ကော့စမွေ၊ကော့ဖငန်နဲ့ ခိုတောင် ကျွန်းတွေတည်ရှိရာ ဆူရတ်ဌာနီ ခရိုင် ဒေသန္တရ မှာရှိတဲ့ လူဝင်မှု…