မော်လမြိုင်၊ ဒီဇင်ဘာ ၃၀

အူမကြီးကင်ဆာနဲ့ ဆေးကုသမှု ခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ် ဘရာဇီးလ်ဘောလုံးဂန္ထဝင် ကစားသမား ပီလီဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။

ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ ဘောလုံးဂန္ထဝင် ပီလီဟာ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့ ၊ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ မိသားစုက မွေးဖွာလာတဲ့ ဘောလုံးဂန္ထဝင် ပီလီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၅၈၊ ၁၉၆၂ ၊ ၁၉၇၀ ကမ္ဘာ့ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ဘရာဇီးလ်ဘောလုံးအကျော်အမော် နေမာကတော့ ပီလီ မရှိတော့ပေမယ့် သူရဲ့ မှော်ဆန်မှု ကျန်နေဦးဖြစ်ကြောင်းနဲ့ ပီလီဟာ ထာဝရပါပဲလို့ သူရဲ့ Instagram မှာ ရေးသားထားပါတယ်။

ပီလီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ပွဲပေါင်း ၉၉ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၇၇ ဂိုးအထိ သွင်းယူပေးထားသလို ကလပ်အသင်းအတွက် ပွဲပေါင်း ၇၀၀ မှာ သွင်းဂိုး ၆၅၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.