ရန်ကုန် – ဒီဇင်ဘာ(၂၉)

နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ဆိုပြီး ရန်ကုန်တိုင်းစစ်ကောင်စီက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ခေတ္တပယ်ဖျက်ခွင့်ပြုလိုက်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးက လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စစ်ကောင်စီလက်အောက်ခံ အစိုးရအစီအစဉ်နဲ့ ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်(Countdown Party) ပြုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ ဆိုထားတာပါ။

နှစ်သစ်ကူးညအတွက် ပြည်သူ့ရင်ပြင်မှာ မီးရှူးမီးပန်းတွေပစ်ဖောက်တာနဲ့ စတိတ်ရှိုးပွဲတွေ ကျင်းပမှာဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို (၃၁.၁၂.၂၀၂၂) ရက်နေ့ကနေ (၁.၁.၂၀၂၃) ခုနှစ် မနက်(၄) နာရီအထိ ပယ်ဖျက်လိုက် တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်မြောင်းပွဲစျေးမှာ ဗုံးပေါက်ထားသလို လူစည်ကားရာနေ ရာတွေမှာ ဗုံးပေါက်ထားတဲ့ ဖြစ်စဉ်တွေကြောင့် လူထိခိုက်သေဆုံးထားပြီး ဒီဖောက်ခွဲမှုတွေကို မြို့ပြတော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်ထားတာမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အဖွဲ့တွေက လုပ်ဆောင်ထားတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ကာကွယ်ရေးအဖွဲ့ တွေက ပြောပါတယ်။

နှစ်သစ်ကူးညမှာလည်း လူစီကားရာနေရာတွေမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဗုံးခွဲ တိုက်ခိုက်ပြီး ပြည်သူတွေထိခိုက်ဒဏ်ရာရရှိအောင်လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့ အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာဘဲ နေထိုင်ကြဖို့ ရန်ကုန်မြို့ပြတော်လှန်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပျော်ပွဲရွှင်ပွဲတွေအတွက်ဆိုပြီး ညမထွက်ရအမိန့်ကို တခြား တိုင်းဒေသကြီးနဲ့ မြို့နယ်တွေမှာ ရုပ်သိမ်းပေးထားတာတော့ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.