ရန်ကုန် – ဒီဇင်ဘာ(၃၀)
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ်(၄) နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၉) ရက်နေ့က အင်းစိန်ထောင်အထူးတရားရုံးကနေ ပေါက်ကွဲစေတက်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၅) နဲ့ ထောင်ဒဏ်(၄) နှစ်ချမှတ်လိုက်တာဖြစ်ပြီး အရင်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်(၃) နှစ်ချမှတ်ထားတဲ့အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ်အထိရှိလာပြီဖြစ်ပါတယ်။
“သူ့ရဲ့ ကျန်းမာရေးကတော့ ကောင်းပါတယ်။ စစ်ကြောရေးမှာထိခဲ့တဲ့ ဒဏ်ရာ နည်းနည်းတော့ ကျန်သေးတယ်။ တခြားတော့ ထွေထွေထူးထူးမရှိပါဘူး။” လို့ ကိုတင်ထွဋ်ပိုင်ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ကိုတင်ထွဋ်ပိုင်နဲ့အတူ ကိုအောင်မင်းဦးတို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဇူလိုင်လက ရန်ကုန်တိုင်း လှိုင်မြို့နယ် ၊ သဇင်မြိုင်လမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်