ဂျကာတာ – ဒီဇင်ဘာ(၂၈) 

အင်ဒိုနီးရှားနိုင်ငံကို လူ(၂၀၀) နီးပါးတင်ဆောင်လာတဲ့ လှေတစ်စင်း ဒီဇင်ဘာလ(၂၆) ရက်နေ့က ကမ်းကပ်လာပြီးနောက် ဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ နှစ်စဉ်ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာ အများစုဟာ မလေးရှာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှည်လျားတဲ့ ပင်လယ်ရေကြောင်း ခရီးနဲ့ သွားရောက်ဖို့ ကြိုးပမ်းနေတာကြောင့် အသက် အန္တရာယ် ကြုံတွေ့နေကြရတာပါ။ 

ရိုဟင်ဂျာ (၂၀၀) နီးပါးလိုက်ပါလာတဲ့ သစ်သားသင်္ဘောဟာ အင်ဒိုနီးရှားနိုင်င့ အနောက်ဘက်ဆုံး အာချေးပြည်နယ် ကမ်းခြေတစ်ခုကို ညနေ(၆) နာရီဝန်းကျင်မှာ ရောက်လာခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

“ရိုဟင်ဂျာ တစ်ရာ့ရှစ်ဆယ့်ငါးယောက်ဟာ ကမ်းကပ်လာကြပြီး အရွယ်ရောက်ပြီးသူ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၀ နဲ့ ကလေးသူငယ် ၃၂ ဦး ပါ၀င်ပါတယ်” လို့ ရဲအရာရှိက ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ကမ်းကပ်လာတဲ့ ဒုက္ခသည်တွေထဲက ဖျားနာသူတွေကို ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ဒေသဆိုင်ရာ အဆောက်အုံတစ်ခုမှာ ခိုလှုံနေကြတယ်လို့ သူက ပြောပါ သေးတယ်။ 

ဒုက္ခသည်တွေထဲမှာ အစာရေစာလုံလောက်စွာ မစားခဲ့ရတဲ့အတွက် ပိန်လှီနေတဲ့ သူတွေပါဝင် သလို တချို့မှာ ရေဓာတ်ခမ်းခြောက်မှုဒဏ်ကို ခံစားနေကြရသူတွေပါဝင်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက AFP ကိုပြောပါတယ်။ 

“အင်ဒိုနီးရှားက ငါတို့ကို ပညာရေးအခွင့်အလမ်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ လာခဲ့တာ” လို့ အသက် ၁၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထွက်ခွာလာသူ လူငယ် တစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ လတွေအတွင်းက ဒေသခံ တံငါသည်တချို့ဟာ ရိုဟင်ဂျာ တွေရဲ့ လှေတွေကို ကမ်းပေါ် တက်ဖို့ ကူညီပေးခဲ့ကြပေမယ့် နောက်ပိုင်းက အကူအညီပေးတာနည်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ 

နိုဝင်ဘာလတုန်းကလည်း ရိုဟင်ဂျာ (၂၂၉) ဦးတင်ဆောင်လာတဲ့ လှေနှစ်စင်းဟာ အဲဒီပြည်နယ် ထဲကို ဆိုက်ရောက်ခဲ့သေးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ထုတ်ပြန်ထားပါတယ်။ 

ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေတင်ဆောင်လာတဲ့ လှေတွေ အိန္ဒိယသမုဒ္ဒရာထဲမှာ ရက်သတ္တပတ်ကြာ မျောပါနေတဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို အရေးပေါ်အကူအညီပေးဖို့ တောင်းဆိုထားကြပါသေးတယ်။ 

ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေအမြောက်အများ အိန္ဒိယသမုဒ္ဒရာထဲမှာ ရက်သတ္တပတ်ကြာ မျောပါနေတယ်လို့ ဒေသတွင်းပြည်နယ်တွေကို အရေးပေါ်အကူအညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဆွေမျိုးတွေက အဆက်အသွယ်ပြတ်ပြီးနောက် လှေပေါ်ပါလာသူ တစ်ဦးမှ အသက်ရှင်ကျန်ဖို့ မရှိတော့ဘူးလို့ ယူဆထားခဲ့ကြပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရခဲ့ကြတာဖြစ်ပါ တယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.