ထိုင်ဝမ်၊ ဒီဇင်ဘာ(၂၈)

ထိုင်ဝမ်မှာ တရုတ်ရဲ့ရန်လိုနေတဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်မှုထမ်းရမယ့်ကာလကို (၄)လသက်တမ်း ကနေ တစ်နှစ်အထိတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ ဘေဂျင်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံးသိမ်းယူမယ့် အန္တရာယ်တွေကြားမှာရောက်ရှိနေတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်လက်ထက်မှာ တရုတ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း ပိုပြင်းထန်လာပြီး ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သလို ဘေဂျင်းကလည်း ထိုင်ဝမ်ကျွန်းကို သိမ်းယူဖို့ အလားတူပြုလုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။

ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှု ပိုမိုထင်ရှားလာကြောင်း ထိုင်ဝမ်သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဘယ်သူမှ စစ်မတိုက်ချင်ပေမယ့် ငါ့နိုင်ငံသူ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေးက ကောင်းကင်က မကျ လာဘူး” လို့ သူမက ပြောခဲ့တာပါ။

“လက်ရှိ လေးလကြာ စစ်မှုထမ်းရခြင်းဟာ လျင်မြန်ပြီး အမြဲပြောင်းလဲနေတဲ့ အခြေအနေတွေကို ဖြည့် ဆည်းပေးနိုင်ဖို့ မလုံလောက်ပါဘူး။ ၂၀၂၄ ခုနှစ်ကနေစပြီး တစ်နှစ်စစ်မှုထမ်းဖို့ ကျွန်မတို့ ဆုံးဖြတ်ထားပါတယ်” လို့ သူမက ထပ်မံပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ အရင်အစိုးရက စေတနာ့ဝန်ထမ်းအင်အားကို အဓိကထားပြီး အင်အားဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ မဖြစ်မနေစစ်မှုထမ်းရမယ့်ကာလကို တစ်နှစ်ကနေလေးလသို့ လျှော့ချခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ခုမှာတော့ ထိုင်ဝမ်လူထုရဲ့ လေးပုံသုံးပုံကျော်ဟာ စစ်မှုထမ်းကာလလေးလသက်တမ်းဟာ တိုတောင်းလွန်းတယ်လို့ ထင်မြင်ချက်တွေ ပေးခဲ့ကြပါတယ်။

ငွေကြေးနည်းပါးခြင်းကြောင့် ထိုင်ဝမ်စစ်တပ်ဟာ အချိန်ပြည့်တာဝန်ထမ်းဆောင်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

“အနာဂတ်မျိုးဆက်တွေအတွက် ဒီမိုကရေစီနည်း လမ်းကျတဲ့ ဘဝနေထိုင်မှုပုံစံကို သေချာစေဖို့ အလွန်ခက်ခဲ တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” လို့ သမ္မတဆိုင်ကတော့ သက်တမ်းတိုးမြှင့်တာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Ref: CN A

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.