December 28, 2022

မော်လမြိုင်တက္ကသိုလ် ကျောင်းသား တစ်ဦး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

မော်လမြိုင် – ဒီဇင်ဘာ(၂၈) မော်လမြိုင်တက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။ ကိုမျိုးသူရအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး ၅ လကျော်အကြာ…

“ကျွန်မတို့ဆို အိမ်ချိတ်ပိတ်ခံရတယ်။ ဒါပေမယ့်တချိန် အရေးတော်ပုံကြီး အောင်သွားလို့ရှိရင် ကျွန်မတို့က ပြန်စရာအိမ်ရှိသေး တယ်။ ဒါပေမယ့် ကျွန်မတို့ သွေးချင်းတွေက အိမ်တွေမီးရှို့ခံရတယ်။ သူတို့မှာ လုံးဝ ပြာကျသွားပြီ။ ပြန်စရာအိမ်မရှိတော့ဘူး”

CDM ဆရာဝန်ဒေါ်သင်ဇာအေးနဲ့ ဆက်သွယ်မေးမြန်းချက်။ နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်ထားပါတယ်။ အဲဒီထဲမှာ CDMဆရာဝန် ဒေါ်သင်ဇာအေးလည်း ပါဝင်ပါ တယ်။ CDM ဆရာဝန် ဒေါ်သင်ဇာအေးဟာ CDM ပြုလုပ်ပြီးနောက် ချင်းပြည်နယ်နဲ့ အခုအခါ ကယားပြည်နယ် ထဲကထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ဆေးဝါးကုသတာနဲ့ထောက်ပံ့ကူညီတာတွေ လုပ် ဆောင်နေတာ…

အသက်တွေ ဘဝတွေရင်းနှီးထားရတဲ့ တော်လှန်ရေးကိုအမြန်အဆုံးသတ်ရမယ်လို့ NUG ဆို

မော်လမြိုင် – ဒီဇင်ဘာ(၂၈) တော်လှန်ရေးဟာ အသက်တွေ ဘဝတွေရင်းပြီး လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် မြန်မြန်တွန်း နိုင်လေ စစ်ကောင်စီအမြန်ပြိုလဲလေဖြစ်တဲ့အတွက် နောင်နှစ်မှာ ခွန်အားအသစ်တွေ စိတ်ကူး စိတ်သန်းအသစ်တွေ ထပ်တိုးပြီး ကြိုးပမ်းပေးကြဖို့ NUG ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၇) ရက်နေ့ မနက်ပိုင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြိမ် (၈၀) မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။…

အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည် ၂ သန်းနီးပါးရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ(၂၈) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၂ သန်း နီးပါးရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP – Myanmar…

စစ်အာဏာသိမ်း (၆၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၆၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၈) AAPP ရဲ့ ဒီဇင်ဘာ (၂၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၅)ရက်အတွင်း ပြည်သူ (၂၆၆၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၆၁၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီထွက်ခွာမှု စစ်ကောင်စီကိုအထိနာစေ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၈) ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT ကုမ္ပဏီက မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြင်ဆင်မှုဟာ စစ်ကောင်စီအတွက် ဝင်ငွေကျဆင်းစေပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကိုပါ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာပါ။ PTT စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတို့လက်အောက်ရှိ လောင်စာဆီသယ် ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော် ပြလာတာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ နော်ဝေရန်ပုံငွေအဖွဲ့က စစ်ကောင်စီနဲ့…

ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ကော့နွဲ့ရွာကိုမီးရှို့ဖျက်ဆီး

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၈) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး စတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲဟာ ဒီဇင်ဘာ လ(၂၇) ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်တောင်ပိုင်းဒေသ ကော့နွဲ့နဲ့…

အမေရိကန်ရဲ့ NDAA ဥပဒေဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီပြော

ရန်ကုန်၊ ဒီဇင်ဘာ(၂၇) မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သားကာကွယ်ရေးအက်ဥပဒေ NDAA ဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ NDAA ဥပဒေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့အပြင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ…

ပလရဲစခန်းကို ဒေသ PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်

ပလ၊ ဒီဇင်ဘာ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ပလနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၆ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် နေထိုင်နေတဲ့ ပလနယ်မြေရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ ဒေသ PDF…