အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

ထိုင်းအစိုးရဟာ စစ်ကောင်စီကို ဖိတ်ခေါ်ပြီး မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲအဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်တဲ့တွေထဲက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အာဆီယံရဲ့ အရေးကြီးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊စင်ကာပူနဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်လာခြင်း မရှိခဲ့ပါဘူး။ ထိုင်းအစိုးရက စစ်ကောင်စီကိုဖိတ် ခေါ်တဲ့ ဆွေးနွေးပွဲအပေါ် NUG အနေနဲ့ ဘယ်လိုတုံ့ပြန်လိုက်သလဲ။ ဒီအလွတ်သဘောဆွေးနွေးမှုကရော မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ လမ်းစဖြစ်လာနိုင်မလား၊ အလားလာက ဘယ်လိုဆက်ရှိနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအပေါ် ဘယ်လို မြင်ပါသလဲ။

ပထမဆုံးပြောချင်တာက ဒီတွေ့ဆုံမှုဟာ အာဆီယံကိုလည်း ကိုယ်စားမပြုဘူးပေါ့နော်။ နောက်ပြီးတော့ တရား ဝင်မှုလည်းမရှိဘူးပေါ့။ အဲဒါပြောချင်တယ်။ ပြီးတော့ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေအ ရတော့ စားသောက်ဆိုင်တခုမှာ ခေါ်တွေ့တဲ့အဆင့်လောက်ပဲ ရှိပါတယ်။

-ဒီအလွတ်သဘောဆွေးနွေးမှုကရော မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ လမ်းစဖြစ်လာနိုင်မလား၊ အလားလာက ဘယ်လိုဆက်ရှိနိုင်မလဲ။

ဒီအာဆီယံရဲ့ဘုံသဘောတူညီချက်(၅)ရပ်ကို ကြည့်မယ်ဆိုရင်လည်း ဒီအကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့် ဖို့ဆိုတဲ့ ကိစ္စပါတယ်။ အဲဒီတော့ ဒီကိစ္စကို စစ်ကောင်စီက လိုက်နာလား။ မလိုက်နာလား ဆိုတာကို ဒီလူတစ် ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်ပြောတဲ့ စကားနဲ့တင် ကျွန်တော်တို့က ဆုံးဖြတ်လို့မရဘူးနော်။ တ ကယ့် မြန်မာနိင်ငံမှာ နေ့စဉ်ရက်ဆက်ကို အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေက အရပ်သားပြည်သူ တွေပါမ ချန် ပစ်ခတ်သတ်ဖြတ်နေတာတွေ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးနေတာတွေ ဒါတွေကနေ့ စဉ်ရက်ဆက်လုပ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

အဲဒီတော့ ဒီအချက်ကိုလည်း လိုက်နာခြင်းမရှိဘူး။ နောက်ပြီး တော့ မြန်မာ့နိုင်ငံအရေးမှာ ပါဝင်ပက်သက်နေတဲ့ ဖယ်ထားလို့မရတဲ့ နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့တကွ  ဒီနိုင်ငံရေးအကျဉ်းသားတွေကိုလည်း အခုချိန်အထိ လွှတ်ပေးထား တာမရှိဘူး။ အာဆီယံEnvoyကိုလည်း လာရောက်ခွင့်ပြုတယ်ဆိုပေမယ့်လည်း ဘာမှထိရောက်တဲ့ ပြောင်းလဲ မှုတွေကို လုပ်ကိုင်ဆောင်ရွက်ထားတာ မရှိဘူး။ အဲဒီတော့ အာဆီယံဘုံသဘောတူညီချက်(၅)ချက်ကို အ ကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတဲ့အချက်က ဒါလုံးဝမှန်ကန်တဲ့အချက်အလက် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

-နောက်ဆုံးအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်သေးတဲ့ အခြေအ နေမှာ ဒီလိုအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဘာများမှတ်ချက်ပြုလိုပါသလဲ။

အာဆီယံအနေနဲ့လည်းလေ ပြီးခဲ့တဲ့ SUMMITတုန်းက ဒီမူ၅ချက်နဲ့ ပတ်သက်ပြီး သေသေချာချာ ACTION PLAN အနေနဲ့ အကောင်အထည်ဖော်ဖို့ လုပ်ကိုင်ဆောင်ရွက်နေတာ ရှိသလို ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေကိုလည်း ဒီကိစ္စမှာ ပါဝင်ကူညီကြဖို့ ပြောခဲ့တာရှိတယ်။ ဒါရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် အခု ဆိုရင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဆိုလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Resolution လည်းကျ သွားပြီပေါ့နော်။

ဒီလမ်းကြောင်းအတိုင်းသာ ကျွန်တော်တို့က ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တရားဝင်မ ဟုတ်တဲ့ အလွတ်သဘောတွေ့ဆုံမှုတွေကတော မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို ပြေလည်စေဖို့အတွက် ဘယ်လိုမှရလဒ်လည်း ထွက်မှာမဟုတ်ဘူးဆိုတာလေး ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.