ဆော – ဒီဇင်ဘာ(၂၆)

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီက Jet Fighter အသုံးပြုပြီး လေကြောင်းတိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ(၄)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ(၂၆) ရက်နေ့ နေ့လည်(၂) နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူ တွေနေထိုင်တဲ့ ညောင်ကန်ရွာထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“ရွာသားလေးဦးသေသွားတယ်။ တော်တော်စိတ်ဆင်းရဲရတယ်ဗျာ။ စိတ်နာစရာပါ။ တိုက်ပွဲလည်းမရှိဘဲနဲ့ တမင်သက်သက်ပစ်တာပါ။” လို့ဒေသခံတစ်ဦးက ပြောပါ တယ်။

စစ်ကောင်စီ Jet Fighter ရဲ့ ပစ်ခတ်မှုကြောင့် ညောင်ကန်ရွယ်အလယ်ထဲကို ဗုံးနှစ်လုံးကျရောက် ပေါက်ကွဲခဲတဲ့အတွက် နေအိမ်သုံးလုံး ပျက်စီးခဲ့ပြီး နောက်ထပ်ဗုံးတစ်လုံးက စာသင်ကျောင်း နားကျရောက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပြီး အသက်(၆၆) နှစ်အရွယ် ဒေါ်စောဝိုင်း၊ အသက်(၄၇) နှစ်အရွယ် ကိုဇော်မင်း၊အသက်(၄၅) နှစ်အရွယ် ကိုဇော်ဝင် နဲ့ အသက် (၄၀) ဝန်းကျင် ကိုကျော်ဌေးဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

မြေပြင် သတင်းပေးပို့ချက်တွေအရ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃)လုံးထက်မနည်း ထိခိုက် ပျက်စီးခဲ့ရသလို ပြည်သူ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက (၄)ဦးဟာ ဒဏ်ရာပြင်းထန် တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – VIVA La Revolution

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.