မော်စကို – ဒီဇင်ဘာ(၂၇) 

ယူကရိန်းမြို့တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့ ခရစ်စမတ်နေ့မှာ ရုရှားတပ်ဖွဲ့တွေက ဒုံးကျည် တွေပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို လမ်းဖွင့်ထားတယ်ဆိုတဲ့ ပြောဆိုချက်ကို အမေရိကန်က ဝေဖန်လိုက်ပါတယ်။ 

ရုရှားဟာ ခါကိဗ် ဒေသတစ်ခုလုံးကို ဒုံးကျည်(၁၀) စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ရှေ့တန်း တစ်လျှောက် မြို့ပေါင်း(၂၅) မြို့ကျော်ကို ပစ်ခတ်ခဲ့ကာ ဇာပိုရီဇီဇီယာက မြို့ပေါင်း (၂၀) နီးပါး ကိုထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်ဌာနချုပ်ကဆိုခဲ့တာပါ။ 

ဓာတ်အားပေးစက်ရုံတွေကို ရုရှားကတိုက်ခိုက်မှုကြောင့် သန်းပေါင်းများစွာသော လူထုဟာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ရုရှားက ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးရက်တွေမှာ ပြည်သူတွေကို မှောင်မိုက်ပြီး ခက်ခဲအောင်ပြုလုပ်နေတယ်လို့ သမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။ 

ယူကရိန်းသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် က မစ္မတာပူတင်ဟာ လက်တွေ့ဘဝကို ပြန်သွားဖို့ လိုအပ်နေပြီး ရုရှားက ဆွေးနွေးပွဲတွေကို မလိုလားဘူးဆိုတာ သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။ 

“ရုရှားက ယူကရိန်းကို တစ်ဖက်သတ် တိုက်ခိုက်ပြီး နိုင်ငံသားတွေကို သတ်ဖြတ်နေတယ်၊ ရုရှားက စေ့စပ်ညှိနှိုင်းမှုကို မလိုလားဘဲ တာဝန်ရှောင်ဖို့ ကြိုးစားနေပါတယ်” လို့ အကြံပေး ပုဂ္ဂိုလ်က သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။ 

ဒါ့အပြင် ရုရှားသမ္မတ ပူတင်က စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းထားပေမယ့် (၁၀) လကြာ ဖြစ်ပွား နေတဲ့ ပဋိပက္ခကို အဆုံးအဖြတ်မပေးနိုင်သေးပါဘူး။ 

“လက်ခံနိုင်လောက်တဲ့ ဖြေရှင်းနည်းတွေနဲ့ ပတ်သက်ပြီး ပါဝင်သူတိုင်းနဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမယ့် အဲဒါက သူတို့အပေါ်မှာ မူတည်ပါတယ်၊ ကျွန်တော်တို့က ညှိနှိုင်းဖို့ ငြင်းဆန်နေတဲ့သူတွေ မဟုတ်ပါဘူး” လို့ ပူတင်က နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူး တစ်ခုမှာပြောခဲ့ပါတယ်။ 

ရုရှားက သူတို့ရဲ့ ပိုင်နက်နယ်မြေအားလုံးကို အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆို ထားပေမယ့် ရုရှားစစ်တပ်ကို နိုင်ငံအတွင်းက အပြီးတိုင်နှင်ထုတ်ပြီးတဲ့အထိ တိုက်ပွဲဝင်သွား မှာဖြစ်တယ်လို့ ယူကရိန်း အစိုးရက ဆိုပါတယ်။ 

ဘီလာရုစ် နိုင်ငံ အကြီးတန်းကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ရုရှားကတင်သွင်းထားတဲ့ အိုက်စ်ကန်ဒါ နည်းဗျူဟာမြောက်ဒုံးကျဉ်စနစ်တွေ၊ နျူကလီးယား ထိပ်ဖူးတွေ သယ်ဆောင်နိုင် တဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို နိုင်ငံတွင်းဖြန့်ကျက်ချထားတယ်လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ယူကရိန်းကို ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ကျူးကျော်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အသေအပျောက်အများဆုံး ဥရောပ ပဋိပက္ခ နဲ့ ၁၉၆၂ ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း မော်စကိုနဲ့ အနောက်အုပ်စုတို့ကြား အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပါတယ်။ 

ယူကရိန်းက နိုင်ငံအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုတာ မရှိပေမယ့် ဒီဖြစ်ရပ်တွေဟာ ရုရှားကျူးကျော်မှုရဲ့ အကျိူးဆက် ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Ref: The News Daily

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.