ကော့ကရိတ် – ဒီဇင်ဘာ(၂၇)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ရဲ့ ရှေ့တန်းနယ်မြေ တနေရာမှာ တော်လှန် ရေးရဲဘော်တွေကို ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က NUG လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ရဲဘော် ရာဂဏန်းကို သွေးအမျိုးအစား စစ်ဆေးတာ၊ နှလုံးနဲ့ ခန္ဓာကိုယ်ကြံ့ခိုက်မှု စစ်ဆေးတာ၊ အသည်းရောင်အသားဝါ B ပိုး/C ပိုးစစ်ဆေးတာနဲ့ HIV ရောဂါပိုးရှိမရှိ စစ်ဆေးတာအပြင် တခြား ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့ တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MOHAI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.