December 27, 2022

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) နယ်မြေမှာ NUG က ကျန်းမာရေးစစ်ဆေးပေး

ကော့ကရိတ် – ဒီဇင်ဘာ(၂၇) ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ရဲ့ ရှေ့တန်းနယ်မြေ တနေရာမှာ တော်လှန် ရေးရဲဘော်တွေကို ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က NUG လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ရဲဘော် ရာဂဏန်းကို သွေးအမျိုးအစား စစ်ဆေးတာ၊ နှလုံးနဲ့ ခန္ဓာကိုယ်ကြံ့ခိုက်မှု စစ်ဆေးတာ၊ အသည်းရောင်အသားဝါ…

ရေးမြို့နယ်မှာ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံရ

ရေး – ဒီဇင်ဘာ(၂၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီလောက်က ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျောင်းရွာကျေးရွာရှိ အထက်တန်းကျောင်းကို ကျောင်းလာပို့ပြီး ပြန်လာတဲ့ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၉၁)တပ်ရင်း စစ်ကားကို ရေးဘီလူးအဖွဲ့က…

“PR စနစ်ကို တမင်တကာထည့်လာတာတော့ ဒါကလုံးဝအဆီအငေါ်မတည့်တဲ့ဟာတွေပဲ ဖြစ်တယ်။ ဘာမှလည်း သက်ရောက်မှုရှိမှာလည်း မဟုတ်ဘူး။ အနာတခြား ဆေးတခြား…”

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် လာမယ့် ၂၀၂၃ ခုနှစ်မှာအထွေထွေရွေး ကောက်ပွဲကျင်းပဖို့ အပြင်းအထန်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အတွက် နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်မြို့အပါအဝင်တိုက်ပွဲမရှိတဲ့ တိုင်းနဲ့ပြည်နယ်တစ်ချို့က မြို့ပြတွေမှာ မဲစာရင်းကောက်ယူတာတွေနဲ့ မဲရုံတည်နေရာ သတ်မှတ်တာတွေ ပြင်ဆင်လာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီက ကျင်းပသွားမယ့် ရွေးကောက်ပွဲအပေါ်…

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးဝန်းကျင်တစ်ဝိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာအပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ(၆)ရွာက ဒေသခံပြည်သူ (၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူ တွေထံကနေ သိရပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲဟာ ဒီကနေ့ ဒီဇင်ဘာလ(၂၆) ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေတာပါ။…

စစ်အာဏာသိမ်း (၆၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၆၂ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၇) AAPP ရဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၄)ရက်အတွင်း ပြည်သူ (၂၆၆၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၆၀၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

“အရေးပေါ်ကာလသက်တမ်းအလွန် စစ်ကောင်စီဘာတွေ လုပ်လာနိုင်လဲ”

ရန်ကုန်၊ ဒီဇင်ဘာ(၂၇) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေ ညာထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သက်တမ်းဟာ လာမယ့်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်နဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုပြီး အရေးပေါ်ကာလပြဌာန်းချက် ပုဒ်မ ၄၁၇ အရ တစ်နှစ်နဲ့ ပုဒ်မ ၄၂၅ အရ…

မော်လမြိုင်မြို့မှာ ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၇) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုမှာ ရိုဟင်ဂျာလူမျိုး ၂၄ ဦးကို စစ်ကောင်စီတပ်ကလာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်က ဦးနိုင်ထွန်းပိုင် ၅ ထပ်တိုက်နေအိမ်မှာ ရိုဟင်ဂျာတွေရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးနောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။…

တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်လာ

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမကြီးတလျှောက်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း လေယာဉ်နဲ့…

ရေးမြောက်ပိုင်းကကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့လာ

ရေး၊ ဒီဇင်ဘာ (၂၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာမှာ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့လာတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ရေးပြောက်ကျား အဖွဲ့(YGF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြိုးတံတားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ ရေးပြောက်ကျားအဖွဲ့(YGF) ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ…