ဘန်ကောက် – ဒီဇင်ဘာ(၂၅) 

ထိုင်းဘုရင့်နိုင်ငံမှာ လာမယ်နှစ် မေလ မတိုင်ခင် ကျင်းပသွားမယ့် အထွေထွေရွေးကောက်ပွဲက တဆင့် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာအနေနဲ့ နောက်သက်တမ်း အာဏာရရှိနိုင်ဖို့ နည်းလမ်း ရှာဖွေနေတယ်လို့ ဒေသတွင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးရယူခဲ့တဲ့ ပရရွတ်ဟာ ၂၀၁၄ ခုနှစ်က စတင်အာဏာသိမ်းထားခဲ့တာပါ။ 

အသစ်ဖွဲ့စည်းတည်ထောင်ထားတဲ့ ညီညွတ်သော ထိုင်းအမျိုးသားပါတီ (United Thai Nation  Party) က သူ့ကို နောက်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ထပ်ဖြစ်လာဖို့ ထောက်ခံပေးသွားမှာ ဖြစ်သလို အဲဒီနေရာမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ အစိုးရအိမ်တော်ပြင်ပမှာ မီဒီယာ တွေကို ပြောခဲ့ပါတယ်။ 

လက်ရှိအာဏာရပါတီ ဖလန်ဖရတ်ချာရတ်ပါတီ (PPRP) က ပရရွတ် နုတ်ထွက်နိုင်တယ်ဆိုတဲ့ ထင်မြင် ချက်တွေ အစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ပါတီခေါင်းဆောင် ဖြစ် သလို ဒုတိယဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပရဝတ် ဝန်ဆူဝန် ဟာ နောက်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေး မှုတွေရှိနေပါတယ်။ 

ပရရွတ်နဲ့ ပရဝတ်တို့ဟာ ထိုင်းနိုင်ငံစစ်တပ်နဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ ညီအစ်ကို ဆက်ဆံရေး တည်ဆောက်ထားနိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်ထိလည်း သူတို့နှစ်ဦးရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ အကွဲအပြဲမရှိသလို အားကောင်း ခိုင်မာတဲ့ ဆက်ဆံရေးရှိနေတယ်လို့ ပရရွတ်က ဆိုထားပါတယ်။ 

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကို လက်ရှိအချိန်ထိ ရွေးချယ်ထားတာ မရှိသေးဘူးလို့ သိရပြီး ပါလီမန်ကလည်း လာမယ့် မတ်လမှာ အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာရဝန်ကြီးချုပ် ပရရွတ်ရဲ့ (၈) နှစ်တာ သက်တမ်းကို လာမယ် ၂၀၂၅ ခုနှစ်မှာ အဆုံးသတ် မယ်လို့ ထိုင်းနိုင်ငံအခြခံဥပဒေခုံရုံးက သတ်မှတ်ထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.