December 21, 2022

သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ကို ထောင်ဒဏ်သုံးနှစ်စီချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ၂၀၂၁ခုနှစ် ဒီဇင်ဘာ၅ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒထုတ်ဖော်ပွဲသတင်းယူနေရင်း စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို အင်းစိန်ထောင်တွင်းတရားရုံးက ဒီနေ့မှာနိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ စွပ်စွဲပြီး ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။ “ကိုကောင်းအဖေ ကျွန်တော့်ဆီဖုန်းဆက်တာဗျ။ အဲဒီနေ့ကအတူ…

ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ဝေနေတဲ့ မြန်မာ့အလင်းသတင်းစာ ပြည်သူလိမ်နေ (အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတဝိုက်ကPDFများရဲ့ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို…

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

ရေး၊ ဒီဇင်ဘာ (၂၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူ ဇရပ်ကားလမ်းဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၈၆) တပ်ကို လက်နက်ကြီး RPG နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးဘီလူးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်အတွင်းကျရောက်ပေါက်ကွဲခဲ့တာပါ။ စစ်ကောင်စီတပ်ရင်း လက်နက်ကြီးနဲ့…

“သူတို့(စစ်ကောင်စီ) က အကုန်လုံးကို စစ်ရေးပစ်မှတ်ပုံစံသဖွယ် လေကြောင်းကနေ တိုက်ခိုက်နေတယ်။ ပြည်သူတွေအနေနဲ့ ကြိုတင်ကြောက်ဖို့မဟုတ်တောင် ကြိုတင်ပြီးပြင်ဆင်ထားရမယ်”(CDM လေတပ်ဗိုလ်ကြီးဇေသူအောင် နဲ့ ဆက်သွယ်မေးမြန်းချက်။)

အာဏာသိမ်းစစ်တပ်ဟာ အခုနောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ် ဆောင်လာသလို မကြာခဏဆိုသလိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့်စစ်ကောင်စီဘက်က လုပ်လာနိုင်တဲ့ လေကြောင်းစစ်ဆင်ရေး အခြေအနေ၊ တော်လှန်ရေးအင် အားစုတွေအပါအဝင် အရပ်သားတွေအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်ထားသင့်လဲ။ ဒီအခြေအနေနဲ့ ပတ် သက်ပြီး CDM လေတပ်ဗိုလ်ကြီးဇေသူအောင် နဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၅)ရက်နေ့က…

ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်လည်း ပဲ့ထိန်းဒုံးအစီအစဉ်တွေ ရပ်တန့်မှာမဟုတ်ဘူးလို့ ကင်မ်ဂျုံအန်ရဲ့ ညီမပြော

ပြုံယမ်း၊ ဒီဇင်ဘာ(၂၁) ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်နေပေမယ့်လည်း ပဲ့ထိန်းဒုံးအစီအစဉ်တွေရပ်တန့်သွားမှာ မဟုတ်ဘူး လို့ မြောက်ကိုရီးယားကပြောကြားခဲ့ပြီး တောင်ကိုရီးယားဟာ သူတို့ရဲ့လက်နက်တွေတိုးတက်လာမှုကို အားလျော့အောင်လုပ်ဆောင်နေတာဆိုပြီး အပြစ်တင်ဝေဖန်လိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အာဏာကြီးတဲ့ ညီမငယ်ဖြစ်သူ ကင်မ်ရိုဂျွန်ကတော့ လက်ရှိ ထောက်လှမ်းရေးဂြိုဟ်တု တပ်ဆင်ရေးကို ရှေးပြေးလုပ်ဆောင်နေခြင်းဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေး လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ ပြောဆိုထားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တာပါ။ “တောင်ကိုရီးယားက…

တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတာဟာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှု ဖြစ်စေ တယ်လို့ အမေရိကန်ပြော

ဝါရှင်တန် – ဒီဇင်ဘာ(၂၁) ကိုဗစ်ကူးစက်မှုတွေပြန်လည်မြင့်တက်လာတာဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အတွက်ပါ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့အတွက် ပေကျင်းအစိုးရအနေနဲ့ ဒီအခြေအနေကို ထိန်းချုပ် နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် အုပ်ချုပ်ရေးဦးစီးဌာန ပြောခွင့်ရ နတ်ပရိုက်စ် ကပြောပါ တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး GDP နဲ့ ကျန်တဲ့ ကမ္ဘာနေရောဒေသအနှံ့အပြားအတွက် ကိုဗစ်ကူးစက် မှုတွေဟာ စိုးရိမ်စရာတစ်ခုဖြစ်သလို ဗိုင်းရပ်စ်ဟာ…

ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ကို ရုရှားနိုင်ငံသားတွေနဲ့ နယ်နိမိတ်တွေကို စောင့်ကြည့်ဖို့ ပူတင်အမိန့် ပေး

ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ကို ရုရှားနိုင်ငံသားတွေနဲ့ နယ်နိမိတ်တွေကို စောင့်ကြည့်ဖို့ ပူတင်အမိန့် ပေး မော်စကို – ဒီဇင်ဘာ(၂၁) နိုင်ငံရပ်ခြားနဲ့ ပြည်တွင်းက သစ္စာဖောက်သူလျှိုတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့အတွက် ရုရှားလူ့ အဖွဲ့ အစည်းနဲ့ နိုင်ငံရဲ့ နယ်နိမိတ်တွေကို စောင့်ကြည့်ဖို့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေကို သမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့ပါတယ်။ သမ္မတ ပူတင်က လုံခြုံရေးတပ်ဖွဲ့များနေ့ မတိုင်ခင် မိန့်ခွန်းမှာ ခြိမ်းခြောက်မှုအသစ်တွေ…

ဒီပဲယင်းဒေသမှာ စစ်မြေပြင်သဖွယ်ဖြစ်နေလို့ ဒေသခံတွေ ဘဝရပ်တည်ဖို့ခက်ခဲနေ

ဒီပဲယင်း၊ ဒီဇင်ဘာ (၂၁) ပြီးခဲ့တဲ့ စက်တင်ဘာလက လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အပါအဝင် ဒီပဲယင်းဒေသမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့် စစ်မြေပြင်သဖွယ်ဖြစ်နေပြီး ရွာခံတွေမှာလည်း မူရင်းအလုပ်တွေမလုပ်နိုင်တော့ပဲ ဘဝရပ်တည်ရေးခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းနယ်တစ်ဝိုက်ဟာ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါစိုက်ပျိုးတဲ့ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ် ကိုင်နေကြတာဖြစ်ပြီး စိုက်ပျိုးချိန်တွေမှာ စစ်ကြောင်းထိုးလာတဲ့အခါ လုပ်ငန်းတွေကိုထားခဲ့ပြီး ထွက်…