Radio Than Lwin Times(17/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ကိုလမ်ဘို၊ ဒီဇင်ဘာ(၂၀) သီရိလင်္ကာရေတပ်က အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းကမ်းရိုးတန်းမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးကို ကယ် ဆယ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ(၁၉)ရက်နေ့က ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားလို အရှေ့တောင်အာရှနိုင်ငံတွေကို ခနော်ခနဲ့လှေငယ်တွေနဲ့ သွားရောက်ဖို့နှစ်တိုင်းလိုလို ကြိုးပမ်းနေကြတာပါ။ သူတို့ရဲ့ အသက်အန္တရာယ်ကို စွန့်စားပြီး ခရီးထွက်ကြ လေ့ရှိတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်စစ်အာဏာသိမ်းချိန်ကစလို့ တိုးမြင့်နေတာပါ။ သီရိလင်္ကာရေတပ်က…
ပေကျင်း – ဒီဇင်ဘာ(၂၀) ဒီနှစ်ဆောင်းရာသီအတွက်တရုတ်နိုင်ငံမှာ ကိုဗစ်လှိုင်း(၃) ကြိမ်ဖြစ်ပေါ်လာနိုင်ပြီး အဲဒီထဲက တစ်ကြိမ်ကြုံတွေ့ရဖို့ရှိနေတယ်လို့ ထိပ်တန်းကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ တရုတ်မှာ ဒီနှစ်အစောပိုင်းမှာ ကန့်သတ်ချက်အများအပြားကို ဖြေလျှော့ပေးပြီးနောက်ပိုင်း အမြင့်ဆုံး ကူးစက်မှုနှုန်းတွေ တိုးမြင့်လာနေတာပါ။ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ နေ့စဉ်အသစ်ကူးစက်နှုန်း ကျဆင်းနေပေမယ့် စမ်းသပ် မှုနည်းပါးတာကြောင့် ကူးစက်မှုတွေကျဆင်းသွားတာမျိုးဖြစ်နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ ကူးသက်ရောဂါပညာရှင် ဒေါက်တာ ဝူဇွန်ယူက ကူးစက်မှုနှုန်းတွေဟာ လာမယ့်…
ပြုံယမ်း – ဒီဇင်ဘာ(၂၀) မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုတစ်ခုတီထွင်မှုအတွက် အရေးကြီးတဲ့ နောက်ဆုံး အဆင့်စမ်းသပ်မှုကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဧပြီလမှာအပြီးသတ်ဖို့ ကြိုးပမ်း နေတယ်လို့ KCNA မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးကို တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တွေက အစီရင်ခံပြီးနောက်တစ်ရက်အကြာမှာ ထွက် ပေါ်လာခဲ့တာပါ။ မြောက်ကိုရီးယား အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုအဖွဲ့(NADA)…
သရက်ချောင်း၊ ဒီဇင်ဘာ(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ငယ်၊ ပိတောက်ကြီး၊ ပဲချောင်းဖျားကျေးရွာဘက်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်း ၃ ကြောင်းက သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ…
မော်လမြိုင်၊ ဒီဇင်ဘာ (၂၀) လမ်းပိုင်းလုံခြုံရေး စိတ်ချရတဲ့အခြေအနေမရှိတာကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ် ပြေးဆွဲမှု ယာယီဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီမြန်မာ့မီးရထားဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီမြန်မာ့မီးရထားဌာနဟာ မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၂)ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲခဲ့တာဖြစ်ကာ ဒီဇင်ဘာ (၁၈) ရက်နေ့မှာတော့ ညရထားပြေးဆွဲမှု ယာယီဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ည…
မော်လမြိုင်၊ ဒီဇင်ဘာ (၂၀) AAPP ရဲ့ ဒီဇင်ဘာ (၁၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၇)ရက်အတွင်း ပြည်သူ (၂၆၁၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၆၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
မော်လမြိုင်၊ ဒီဇင်ဘာ(၂၀) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတာကြောင့် နွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစု ဓါတ်မြေသြဇာ ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး အပါအဝင် အထွေထွေကုန်ကျစရိတ် အဆတန်မြင့်တက်နေတဲ့ ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တဖက်မှာတော့ နွေစပါးစိုက်ပျိုးနေတဲ့…
ကော့ကရိတ်၊ ဒီဇင်ဘာ(၂၀) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်ကစပြီးKNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၆)ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်လှိုင်ဝမှာရှိတဲ့ စစ်ကောင်စီ ခလရ(၂၃၁)တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း…
မော်လမြိုင်၊ ဒီဇင်ဘာ (၂၀) ရွှေနဲ့ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မွန်ပြည်နယ်၊မော်လမြိုင် အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးစက်နေပေမယ့် အမြင့်ဈေးမှာပဲ ဆက်ရှိနေတယ်လို့ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စံချိန်တင်မြင့်တက်ခဲ့တဲ့ အခေါက်ရွှေနဲ့ ဒေါ်လာဈေးတွေဟာ ၃ လနီးပါးလောက် ပြန်တည်ငြိမ်နေပြီး ဒီဇင်ဘာတတိယပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သား ၂,၆၉၀,၀၀၀ ကျပ်နဲ့ အမေရိကန်တစ်ဒေါ်လာကို ၂၉၀၀ ကျပ်အဖြစ် ဈေးနှုန်းအနည်းငယ်…