တိုကျို – ဒီဇင်ဘာ(၁၅)
ဂျပန်နိုင်ငံက တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆယ်စုနှစ်တွေအတွင်း သူတို့ရဲ့ အသုံးစရိတ် တွေမြှင့်တင်တာ၊စစ်ရေးကွပ်ကဲမှုပုံစံ ပြန်လည်ပြင်ဆင်တာနဲ့ ဒုံးကျည်အသစ်တွေ သိုလှောင်တာ တွေပါဝင်တဲ့ အကြီးမားဆုံးကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ကြေညာဖို့ရှိနေပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းသုံးခုမှာ ဖော်ပြမယ့် မူဝါဒတွေဟာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ တပ်မတော်ကို တရားဝင်အသိအမှတ်မပြုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြန်လည်ပုံမှာဖြစ်တယ်လို့ သိရပါတယ်။
“အခြေခံအားဖြင့် ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေခြင်းဟာ ဤပြင်းထန်သော လုံခြုံရေးဝန်းကျင်မှာ အရေးအကြီးဆုံးစိန်ခေါ်မှုဖြစ်တယ်၊ ဒါကြောင့် လာမယ့်ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အမြန်ဆုံးမြှင့်တင်သွားမယ်” လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးထွားလာမှု ဒေသတွင်း ရပ်တည်ချက်အပါအဝင် မြောက်ကိုရီး ယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန် က စိုးရိမ်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။
မူဝါဒအသစ်တွေထဲက အဓိကအချက်မှာ လာမယ် ၂၀၂၇ ခုနှစ်မှာ GDP ရဲ့ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲစေပြီး ဂျပန်နိုင်ငံကို နေတိုးအဖွဲ့ဝင်တွေနဲ့အညီ သုံးစွဲစေမှာဖြစ်တယ်လို့သိရပါတယ်။
ဒီပြောင်းလဲမှုဟာ တစ်ရာခိုင်နှုန်းဝန်းကျင်က သိသိသာသာတိုးမြင့်လာတာဖြစ်ကာ သမိုင်တွင် သုံးစွဲမှုအဖြစ် အမှတ်သင်္ကေတ ပြုပြီး ဘဏ္ဍာငွေဘယ်လို သုံးစဲမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး မေးခွန်ထုတ်မှုတွေရှိနေပါတယ်။
ဂျပန်နိုင်ငံက တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်လို့ ခေါ်တဲ့ နိုင်ငံကို ခြိမ်းခြောက်မှုရှိတဲ့ နေရာတွေကို ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့ စွမ်းဆောင်ချက်တွေအပါအဝင် ပရောဂျက်တွေကို အဲဒီ ဘဏ္ဍာငွေက ရန်ပုံငွေထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖွဲ့စည်ပုံအခြေခံဥပဒေရဲ့ ခုခံကာကွယ်ခြင်းဆိုင်ရာ ကန့်သတ်ချက်ကို ဖောက်ဖျက်နိုင်တာရှိမရှိ အငြင်းပွားမှုအပေါ်မှာ ဒီလိုလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အရင်ကတော့ ရှောင်ရှားခဲ့ဖူး တယ်လို့ သိရပါတယ်။
အသစ်ပြင်ဆင်ထားတဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်လုပ် ခရုဇ်ဒုံးပျံ အစီး(၅၀၀) ရရှိမှာဖြစ်ပြီး ဂျပြန်ပြည်တွင်းမှာ တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်နေချိန်မှာ အားဖြည့်ဖို့ အတွက် ဝယ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA