မော်လမြိုင် – ဒီဇင်ဘာ(၇)

စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်နေကြပေမယ့် လူမဆန်တဲ့ စစ်ကောင်စီလို အသိတရားမဲ့လို့မဖြစ် သလို တရားလက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့အရေးကြီးတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ (၇၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“ကျွန်တော်တို့ဟာဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ကျွန်တော်တို့ပန်းတိုင် ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့အကြမ်းဖက်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် စစ်ရေး နည်းလမ်းနဲ့ တိုက်ပွဲဝင် နေကြတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန် တဲ့ အကြမ်း ဖက်စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်သလို တရားလက်လွတ် ပြုကျင့်သူ တွေလည်း မဖြစ်ဖို့ အရေးကြီး ပါတယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရဲ့ သတင်းစကားကို တော်လှန်ရေးရဲဘော်တွေဆီ ပြန်လည်သယ်ဆောင် သွားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း တိုက်တွန်းခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်သလို မဟာမိတ်အင်အားစုတွေ၊တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေအားလုံးနဲ့ တက်ညီလက်ညီ ဟန်ချက် ညီညီဖြစ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ ဝိုင်းဝန်းကြိုးစားကြဖို့ လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(၇၇) ကြိမ်မြောက်အစည်းအဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်အုပ်စုအဖြစ်ကြေညာဖို့ ကိစ္စတင်ပြတာ၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အလုံးစုံအုံကြွမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတာ တွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.