မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင် းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ပွင့်ဖြူက NLD အလုပ်အမှုဆောင်တဦးကို အကြမ်းဖက် PDF များကဖမ်းဆီးသွားပြီး လည်လှီးသတ်လိုက်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Kyaw Swar တယ်လီဂရမ်ကနေ ဒီဇင်ဘာလ (၆ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “ပွင့်ဖြူက NLD အလုပ်အမှုဆောင်တဦး လည်လှီးအသတ်ခံရဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အသက် ၄၅ နှစ်အရွယ် ဦးဝင်းဌေးဟာ ဒီဇင်ဘာလ ၄ ရက်မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ မိသားစုကျန်းမာရေးကိစ္စနဲ့ မကွေးမြို့ကနေအပြန် ပွင့်ဖြူမြို့နယ်၊ သစ်ချိုကုန်းရွာအဝင်မှာ အကြမ်းဖက် PDF များကဖမ်းဆီးသွားပြီး လည်လှီးသတ်လိုက်ကြောင်းသိရ။ဇာတ် တူသားစားတဲ့ PDF”ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေခဲ့ကြတာပါ။
စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။
https://t.me/kyawswar96999/27401
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ သရက်ကုန်းကျေးရွာနေ NLD ပါတီဝင် ဦးဝင်းဌေးကို စစ်ကောင်စီတပ်က ဒီဇင် ဘာလ(၄) ရက်နေ့ညပိုင်းက ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလ(၅) ရက်နေ့ မနက်ပိုင်းမှာ အလောင်းပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းကုန်းကြီးကျေးရွာက လက်နက်ကိုင်ထားတဲ့ ပျူစောထီး ဆယ်ဦးခန့်က ဦးဝင်းဌေးကို လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး သစ်ချိုကုန်းပေါင်းထိပ်မှာပျူတွေက ခေါင်းကိုသေနတ်နဲ့ထောက်ပြီးတော့ဖမ်းခေါ်သွားတာလို့ ပွင့်ဖြူမြို့နယ် NLD ပါတီအလုပ်အမှုဆောင်တစ်ဦးကို မေးမြန်းကာ သံလွင်တိုင်းမ်သတင်းဌာန စုံစမ်း ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။
သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ပွင့်ဖြူက NLD အလုပ်အမှု ဆောင်တဦးကို အကြမ်းဖက် PDF များက ဖမ်းဆီးသွားပြီး လည်လှီးသတ်လိုက်” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်