ဝါရှင်တန် – ဒီဇင်ဘာ(၆)
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၂၀၂၀ ရွေးကောက်ပွဲဟာ ခိုးယူခံရတယ်ဆိုတဲ့ သူ့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အစိတ်အပိုင်းတွေကို အဆုံး သတ်ဖို့ တောင်းဆိုပြီးနောက် ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သမ္မတလောင်းအဖြစ် ထပ်မံအရွေးခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ Truth လူမှုကွန်ရက်ပလက်ဖောင်းမှာ တောင်းဆိုခဲ့တာပါ။
“အဲဒီအတိုင်းအတာနဲ့ ပမာဏကြီးမားတဲ့လိမ်လည်မှုတစ်ခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ စည်းမျဉ်းများနှင့် ပုဒ်မများအားလုံးကို အဆုံးသတ်စေနိုင်တယ်၊ ကျွန်ုပ်တို့၏ ကြီးမြတ်တဲ့ တည်ထောင်သူတွေကလည်း အတုအယောင်နှင့် လိမ်လည်လှည့်ဖြားသော ရွေးကောက်ပွဲတွေကို မလိုလားဘဲ ခွင့်လွှတ်မှာ မဟုတ်ပါ။” လို့ သူက ရေးသားခဲ့ပါတယ်။
အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျက်ဖရီက မစ္စတာ ထရန့်ရဲ့ ပြောဆိုချက် ဟာ အစွန်းရောက်တယ်လို့ ဖော်ပြခဲ့ပြီး ရီပတ်ဘလီကန်တွေက ထရန့်ရဲ့ ဒီမိုကရက်တစ်ဆန့်ကျင် ရေး အပြင်တွေကို ဆက်ပြီး လက်ခံမလားဆိုတာ ရွေးချယ်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
“ရီပတ်ဘလစ်ကန်တွေဟာ သမ္မတဟောင်းနဲ့ သူတို့ရဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းရမှာဖြစ်ပြီး သူ့ကနေ ခွဲထွက်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ပုံစံကို ပြန်သွားမလား ဒါမှမဟုတ် ထရန့်ကြောင့်သက်သက်မဟုတ်ဘဲ Trumpism အစွန်းရောက်ဝါဒကို ဆက်လက်မှီခိုနေသလား “လို့ မစ္စတာဂျက်ဖရီက ပြောပါတယ်။
နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံရတဲ့ ပထမဆုံးအမေရိကန် သမ္မတဖြစ်တဲ့ ထရန့်ဟာ ၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတာကို ရပ်တန့်ဖို့ သူ့ကိုထောက်ခံသူတွေက Capitol ကို ပြင်းထန်စွာ ဝင်ရောက်စီးနင်းတာအပြင် တခြားသော စွဲချက်တင်စရာတွေအပါအဝင် ရာဇဝတ် မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
FBI က ထရန့်ရဲ့ ဖလော်ရီဒါအိမ်ခြံမြေလုပ်ငန်းက ဖမ်းဆီးရမိတဲ စာရွက်စာတမ်းတွေနဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ် သက်တဲ့ ပြည်နယ်နဲ့ ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုတွေပါဝင်နောဖြစ်တယ်လို့ သိရပါတယ်။
တွစ်တာပိုင်ရှင် အီလွန်မက်စ်က ၂၀၂၀ ရွေးကောက်ပွဲအထိ တွစ်တာရဲ့ “လွတ်လပ်စွာ ပြောဆိုခွင့် ကိုဖိနှိပ်ခြင်း” မှာ ဘယ်လိုကိုင်တွယ်ပုံကို ချပြမယ်လို့ ပြောပြီးနောက် ထရန့်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကျွန်ုပ်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံမှာ လွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးမှုရှိသည်ကို နှစ်ပေါင်း ၂၀၀ ကျော် အာမခံချက်ပေးထားသည့် အထွဋ်အမြတ် ထားရတဲ့ မှတ်တမ်းတစ်ခုဖြစ်တယ်” လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref : The NewDaily