မော်လမြိုင်၊ ဒီဇင်ဘာ၊ (၆)ရက်

တောင်ကိုရီးယားနည်းပြ ဖြစ်သူ ပေါ်လိုဘန်တိုဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ဘရာဇီးလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရာထူးကနေ နှုတ်ထွက်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီလူမျိုး နည်းပြ ပေါ်လိုဘန်တိုဟာ တောင်ကိုရီးယားအသင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၄ နှစ်ကျော်အကြာမှာ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။

နည်းပြ ပေါ်လိုဘန်တိုကတော့ ရာထူးကနေ နှုတ်ထွက်ဖို့ စက်တင်ဘာလကတည်းက ဆုံးဖြတ်ထားခဲ့ကြောင်းနဲ့ တောင်ကိုရီးယားအသင်းကို ကိုင်တွယ်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ ဥရုဂွေးနဲ့ ဂါနာအသင်းတို့ကို ကျော်ဖြတ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးလ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

တောင်ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက်မှာ ရှုံးထွက်အဆင့်ကို ၃ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် ပြီးခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာ ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

သံလွင်တိုင်းမ်က သတင်းတွေကို Application မှာလည်း အချိန်နဲ့တပြေးညီ ရယူဖတ်ရှုနိုင်ပါတယ်။

IOS Version – https://apps.apple.com/us/app/tlt-news/id1642061603

Android Version – https://play.google.com/store/apps/details…

App Store (https://apps.apple.com/us/app/tlt-news/id1642061603)‎

TLT News‎Than Lwin Times is an online Media covering News from Lower Myanmar.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.