မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်များမှ လူငယ်လူရွယ်ထောင်နဲ့ချီ၍ တပ်မတော်နှင့်လက်တွဲပြီး အကြမ်းဖက် NLD, ပဒက်များကို ချေမှုန်းရန် ပြည်သူ့စစ်တပ်ဖွဲ့သို့ ဝင်ရောက်လျက်ရှိ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Kyaw Swarတယ်လီဂရမ်ကနေ စကစတပ်သားတွေကို သပြေပန်းနဲ့ကြိုနေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဒီဇင်ဘာလ (၅ ) ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/kyawswar96999/27333?single

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီ လော်ဘီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေဟာ ပျူစောထီးတွေ စစ်သင် တန်းဆင်းနေတဲ့ ဓာတ်ပုံတွေသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ကျွန်းလှ၊ ကန့်ဘလူနယ်ဒေသတွေမှာ ဒေသခံတွေကို အတင်းအကျပ် မတက်မနေရ စစ်သင်တန်း တက်ခိုင်းနေတာလည်း ရှိနေတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ် တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို မဖြစ်မနေ စစ်သင်တန်း တက်ရောက်ခိုင်းတာတွေရှိနေတယ်လို့BBC သတင်းဌာနက ဒေသခံတွေကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

စကစတပ်တွေ စစ်ကြောင်းထိုးလာတဲ့ ရွာအတွင်းက ဒေသခံမိသားစုတစ်စုလျှင် တစ်ယောက်နှုန်းနဲ့ အမျိုးသားရော အမျိုးသမီးတွေပါ စစ်တပ်ကဖွင့်တဲ့ စစ်သင်တန်းကို မတက်မနေရ အတင်းအကျပ်တက်ခိုင်းနေတာကို စိစစ်တွေ့ရှိရပါတယ်။

BBCသတင်းဌာနကဖော်ပြတဲ့ သတင်းလင့်

https://bit.ly/3WbX4kz

Mandalay_Free_Press သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3uyHxiB

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ၊တန်ဆည်မြို့နယ်၊ကျွန်းလှမြို့နယ် များမှ လူငယ် လူရွယ် ထောင်နဲ့ချီ၍ တပ်မတော်နှင့်လက်တွဲပြီး အကြမ်းဖက်NLD ပဒက်များကိုချေမှုန်းရန်ပြည်သူ့စစ်တပ်ဖွဲ့ များအတွင်းသို့ ဝင်ရောက်လျှက်ရှိ” ဆိုတဲ့ ဓာတ်ပုံတွေဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.