ကယားပြည်နယ်ထဲက စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ဟာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာ၊ ဆေးဝါးအပါ အဝင် ဖြတ်လေးဖြတ် ဖြတ်တောက်ခံရတာ၊ မကြာခဏဆိုသလိုစစ်ရှောင်စခန်းတွေထဲ လက်နက်ကြီး ပစ်ခတ် မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရ တာဖြစ်ပါတယ်။ ဒါကြောင့် ကယားပြည်နယ်ထဲက စစ်ရှောင်တွေအနေနဲ့ လတ်တလောကာလမှဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရလဲ။ ကျန်းမာရေး ပြဿနာတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီရရှိမှု အခြေအနေ ဘယ်လိုတွေ ရှိနေလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ရှောင်အရေး ကူညီနေသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးစစ်ရှောင်စခန်းတွေကနေ စစ်ရှောင်ပြည်သူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေကို ဆက်လက် ရင်ဆိုင်နေရလဲ။

စစ်ရှောင်တွေအတွက် ရိက္ခာပိုင်းဆိုင်ရာပေါ့နော်။ တော်တော်များများ အခက်အခဲကြုံတွေ့နေရတယ်။ ဘာလို့ လဲဆိုတော့ လမ်းကြောင်းပိတ်ဆို့မှု့ကလည်း အရင်ထက်ပို အစစ်ဆေးကြမ်းတမ်းတာမျိုးတွေရှိတယ်။ စကစ ဘက်က ထိုးစစ်ဆင်တာ မျိုးတွေလည်းရှိတာပေါ့နော်။ ဝယ်ယူ၊ဝယ်ခြမ်းရေးမှာ တော်တော်လေး အခက်အခဲဖြစ် လာတဲ့အခါကျတော့ စစ်ရှောင်တွေ ရိက္ခာ အခက်အခဲကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့နှစ်လ၊သုံးလမှာဆန်စပါးစိုက်ပျိုးလိုက်ရတာပေါ့နော်။ အချိန်လည်းမှီသေးတယ်။ ရိတ်သိမ်းချိန်ကာလလည်း မီသေးတယ် ဆိုတော့ စစ်ရှောင်ဆီက ဆန်တွေဝယ်တယ်။ ဝယ်ပြီးတော့ ပြန်ကြိတ်တယ်။ ကြိတ်ပြီး တော့မှ စစ်ရှောင်တွေကို ပြန်ဝေပေးတာမျိုး ရှိတယ်ပေါ့နော်။ ဒီလိုပဲ ဖြေရှင်းရတယ်။ ဆန်တွေကို မြို့ပေါ်ကနေ ပြီးတော့ စစ်ရှောင်စခန်းအထိ သယ်လာတယ်ဆိုရင် မလွယ်ဘူး ပေါ့။ ကျွန်တော်တို့ ဒီလမ်းကြောင်းပိတ်ဆို့မှုတွေ ရယ်၊ အစစ်ဆေးကြမ်းတမ်းတာရယ် ကျွန်တော်တို့မသယ်လာနိုင်တော့ အခက်အခဲဖြစ်တာပေါ့။ ဟုတ်။

-စစ်ရှောင်စခန်းတွေမှာ ကလေးနဲ့လူကြီးတွေက ဘယ်လို ကျန်းမာရေးပြသနာတွေကို ကြုံတွေ့နေရပါသလဲ။

ဆောင်းတွင်းဝင်လာတဲ့အခါကျတော့ ရိက္ခာနဲ့ဆေးဝါး မလုံလောက်မှုတွေ ဖြစ်တယ်။ ဖလူဆိုအနောက်ဘက် ခြမ်း စစ်ရှောင်တဲ့ နေရာမှာဆို ကလေးရော၊ လူကြီးပါ ဖျားနာမှုကြုံနေရတာပေါ့နော်။ အဲဒီနေရာက တော်တော် လေး ခေါင်တယ်။ ဆေးရိက္ခာတောင် သယ်လို့မရဘူးဆိုရင် ဆေးဆိုပိုဆိုးတာပေါ့နော်။ ဆေးကို စကစဘက်က ပိတ်ထားတဲ့အခါကျတော့ ကျွန်တော်တို့ မရှိရှိတဲ့ ဆေးပဲ အသုံးပြုနေရတယ်။ ဆေးတွေရက်လွန်နေတာကို လည်း ကျွန်တော်တို့ ပြန်သုံးနေရတယ်။

-နောက်တစ်ခုက စစ်ကောင်စီဘက်က လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီတွေကို ပိတ်ထား တော့ စစ်ရှောင်တွေအတွက် ဘယ်လောက်ထိ အခက်အခဲတွေဖြစ်နေလဲ။

လူသားချင်းစာနာထောက်ထားမှုနဲ့ ပက်သက်ပြီးမှ နိုင်ငံတကာ အကူအညီကလည်းထိထိရောက်ရောက် လုပ် ဆောင်တာမျိုးတော့ မရှိဘူး။ NGO,INGO အဖွဲ့တွေကလည်း သူတို့လုပ်ဆောင်ချက်က စကစရဲ့ လမ်းညွှန်မှု အောက်မှာပဲ သွားနေတဲ့အခါကျတော့ စကစရဲ့ခွင့်ပြုချက် ဧရိယာမှာ သွားလှုပ်ရှားပေးနေတော့ အဓိကလိုအပ် တဲ့ ဒီမော့ဆိုနေရာ အကုန်တောထဲ၊တောင်ထဲ စစ်ရှောင်နေရတဲ့ အဖွဲ့တွေအကုန် မပေးနိုင်ဘူး ပေါ့နော်။ အဲဒါ ကြောင့်NGOတွေလည်း ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးပေါ့။ပြည်သူကနေ ပြည်သူတဆင့်ကူတာ မျိုးပဲ ရှိနေတယ်။ NGOတွေက ကူတာမျိုးမရှိသေးဘူးခင်ဗျ။ ဒီနောက်ပိုင်း ကာလတွေမှာဆိုရင် စစ်ကောင်စီ ဘက်က စစ်ရှောင်စခန်းတွေထဲ လက်နက်ကြီးပစ်ခတ်တာတွေ တွေ့နေရတယ်။ လက်နက်ကြီး ကတော့ နေ့ တိုင်းပစ်နေတယ်ဗျ။ ဒီလိုပါပဲ။ ကျွန်တော်တို့ လုံခြုံတဲ့ နေရာမှာသွားပုန်းနေရတာပေါ့နော်။ အခုတလော တိုက်ပွဲ ကလည်း ပြင်းထန်လာတာ ရှိတယ်။ စကစဘက်ကနေ ဒီစစ်ရှောင်ရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ တာမျိုးတော့ ရှိတယ်ပေါ့နော်။ အထိခိုက်တော့မရှိသေးဘူး။ ပြီးခဲ့တဲ့ မနေ့ညကရော တနေ့ညကရော ပစ်တာမျိုး ရှိတယ်ဗျ။

-ဒီအခြေအနေမှာ စစ်ရှောင်ပြည်သူတွေအနေနဲ့ ဘယ်လို နေထိုင်နေရပါသလဲ။ နောက်ဆုံးအနေနဲ့ စစ်ရှောင် တွေအရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဒီထက်မက အကူအညီတွေ လိုနေပါသေးတယ်။ စစ်ရှောင်နေတဲ့ ပြည်သူတွေ ရိက္ခာပိုင်းဆိုင်ရာရော လိုအပ်မှု တွေ အများကြီးရှိနေပါသေးတယ်လို့ပဲ ပြောချင်ပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.