ဂျာကာတာ – ဒီဇင်ဘာ(၄)
အင်ဒိုနီးရှားပါလီမန်က လက်ထပ်ထိမ်းမြားတာအပြင် လိင်ဆက်ဆံတာကို ထောင်ဒဏ်တစ်နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်မယ့် ရာဇဝတ်ကျင့်ထုံးဥပဒေသစ်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေ တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ဥပဒေသစ်မှာ သမ္မတာ ဒါမှမဟုတ် နိုင်င့တော်အဖွဲ့အစည်းတွေကို စော်ကားတာတွေကိုပါ တားမြစ်မှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်တဲ့ အပြင်တွေ ဖော်ပြတာကိုတာမြစ်မှာဖြစ်သလို လက်မထပ်မီ အတူနေခွင့်ကိုလည်း ပိတ်ပင်သွားမှာဖြစ်တယ် လို့သိရပါတယ်။
ဆယ်စုနှစ်များစွာ ပြင်ဆင်ခဲ့တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်ကို လာမယ့်ဒီဇင်ဘာလ(၁၅) ရက်နေ့မှာ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှားလက်ထောက်တရားရေးဝန်ကြီးက ရိုက်တာ ကိုပြောပါတယ်။
“အင်ဒိုနီးရှားရဲ့ စံတန်ဖိုးတွေနဲ့ လိုက်လျောညီထွေရှိတဲ့ ရာဇ၀တ်ကုဒ်တစ်ခုရှိလို့ ဂုဏ်ယူမိပါ တယ်” လို့ အင်ဒိုနီးရှားလက်ထောက်တရားရေးဝန်ကြီးက အင်တာဗျူးတစ်ခုမှာပြောခဲ့ ပါတယ်။
မူကြမ်းဟာ ၁၉၉၈ ခုနှစ်က အာဏာရှင်ခေါင်းဆောင်ဆူဟာတို သေဆုံးပြီးနောက် ပြဌာန်းခဲ့တဲ့ လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တယ်လို့ အတိုက်အခံတွေက ငြင်းခုံနေကြ ပေမယ့် ကွန်ဆာဗေးတစ်ဝါဒီထွန်းကားနေတဲ့ နိုင်ငံက အစ္စလာမ္မစ်အုပ်စု တချို့ရဲ့ ထောက်ခံမှု ရရှိထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က မူကြမ်းဟောင်းကို အတည်ပြုဖို့ သတ်မှတ်ထားပေမယ့် နိုင်ငံတစ်ဝန်း လူထောင်ပေါင်းများစွာက ဆန္ဒပြ ကန့်ကွပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရက အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေးဖို့အတွက် နိုင်ငံ တစ်ဝှမ်း လူထုအကြံပြုညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဥပဒေကို အနည်းငယ်သာ အပြောင်း အလဲတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
တချို့သော ပြုပြင်ပြောင်းလဲမှုတွေမှာ (၁၀) နှစ်အထိ အကျင့်စာရိတ္တကောင်းမွန်ပြီးနောက် သေဒဏ်ကို ထောင်ဒဏ်တစ်သက်သို့ လျှော့ချနိုင်တဲ့ ပြဌာန်းချက်လည်း ပါရှိတယ်လို့ သိရ ပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှု တစ်ခုဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပါတယ်။
တရားရေးဒုဝန်ကြီးကတော့ ဒေသဆိုင်ရာ ဥပဒေတွေကို နိုင်ငံတော်ဥပဒေနဲ့အညီ လိုက်နာဆောင် ရွက်မှာဖြစ်သလို ပြုပြင်ပြောင်းလဲမှုတွေကြောင့်လဲ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ထိခိုက်မှာ မဟုတ်ဘူးလို့ ဝေဖန်တာတွေကို တုံ့ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံး မွတ်ဆလင်အများစုနိုင်ထိုင်ပြီး အမျိုးသမီးတွေ၊ ဘာသာရေးဆိုင်ရာ လူနည်းစုတွေနဲ့ LGBT တွေ ကိုခွဲခြားဆက်ဆံတဲ့ ရာနဲ့ချီတဲ့ စည်းမျဉ်းတွေ ကို ပြဌာန်းထားတယ်လို့ သိရပါတယ်။