ဝါရှင်တန် – ဒီဇင်ဘာ(၄) 

မြန်မာစစ်ကောင်စီက အနည်းဆုံးလူ(၇) ဦးကျော်ကို ဒီသီတင်းပတ်အတွင်း သေဒဏ်ပေးခဲ့ပြီး နောက် သေမိန့်ချစီရင်ခံရသူ (၁၃၉) ဦးအထိရှိလာခဲ့ပြီလို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ 

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက နောက်ဆုံးအကြိမ်သေဒဏ်စီရင်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ မြန်မာနိုင်ငံပြင်ပက ခေါ်ဆိုတဲ့ ဖုန်းတွေကို လက်ခံဖြေဆိုတာ မရှိခဲ့ဘဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့အတွက် သေမိန့်ချမှတ်တာကို အဓိက နည်းလမ်း တစ်ခုအဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချ ပြီးတည်းက မြန်မာနိုင်ငံဟာ ဆိုးရွာတဲ့ အခြေအနေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံ ရဲ့ ဒီမိုကရေစီအချိန်ကာလည်း အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ 

တက္ကသိုလ်ကျောင်းသား(၇) ဦးကို စစ်ဘက်တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့က သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလအဆင့်မြင့်အရာရှိရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

“သေဒဏ်အမိန့်စီရင်ခြင်းကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အစုအဖွဲ့အတိုင်းအတွက် နိုင်ငံရေး နည်းလမ်းတစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်ပြီး စစ်ကောင်စီသည် အာဆီယံနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများမှ ဦးဆောင်နေသော နိုင်ငံရေးအရ ဆွေးနွေးမှုများကို အထင်ကြီး ခြင်းမရှိကြောင်း အတည်ပြုပြောနိုင်ပါတယ်” လို့ လူ့အခွင့်အရေးအဆင့်မြင့်အရာရှိက ပြောခဲ့ ပါတယ်။ 

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘဏ်တစ်ခုအတွင်း ပစ်ခတ်မှုနဲ့ ဆက်စပ်တယ်လို့ ဆိုကာ ပြီးခဲ့တဲ့ ဧပြီလက တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုထား ကြပါတယ်။ 

ကုလသမဂ္ဂက စုံစမ်းထားတဲ့ အစီရင်ခံစာတွေအရ တခြားသော တက်ကြွလှုပ်ရှားသူ လူငယ် (၄) ဦးကို သေဒဏစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

“မျှတမှုရှိတဲ့ တရားစီရင်ရေး မူဝါဒများကို အခြေခံခြင်းမရှိတဲ့ တရားခွင်တွေကို စစ်တပ်မှ လျှို့ဝှက်တရားရုံးများတွင် လုပ်ဆောင်လျှက်ရှိပါတယ်” လို့ လူအခွင့်အရေး အမြင့်ဆုံး အရာရှိ က ပြောခဲ့ပါတယ်။ 

လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇယျာသော်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်း ယုတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား(၄) ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လက သေဒဏ်ပေးခဲ့ပါသေး တယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ပေါင်း(၃၀) အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး သေဒဏစ် အသုံးပြုခဲ့တာကြောင့် ကမ္ဘာအဝှမ်း ရှုံ့ချမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ဦးဆောင်မှုကောင်းမပေးနိုင်တဲ့ အာဆီယံ ကလည်း ကွပ်မျက်မှုတွေ ထပ်မံမပြုလုပ်ဖို့ စစ်ကောင်စီကို သတိပေးထားပါတယ်။ 

အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်တဲ့ အရပ်သား (၂၂၈၀) နီးပါးကို စစ်ကောင်စီက သတ်ဖြတ် ခဲ့ပြီး (၁၁၆၃၇)ဦးမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရတယ်လို့ ဒေသတွင်း စောင့်ကြည့် ရေးအဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.