အစ္စလာမာဘတ်၊ ဒီဇင်ဘာ (၄)

အိန္ဒိယနိုင်ငံတွင်းမှာရှိနေတဲ့ အယ်လ်ကေးဒါးအဖွဲ့ဝင်သုံးဦးနဲ့  Tehreek-e-Taliban Pakistan (TTP) (ထီရီ အီ တာလီဘန် ပါကစ္စတန်)ရဲ့ အကြီးတန်းအရာရှိတစ်ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမေရိကန်အစိုးရက သတ် မှတ်ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ  အိုဆာမာ မတ်မွတ်ရဲ့ လက်ထောက်ဖြစ်သူ အတစ်ဖ် ယာဟာ ဂိုယူရီ နဲ့ လက်နက်ကိုင်အဖွဲ့အတွက် လူသစ်စုဆောင်းတာကို ကြီးကြပ်ပေးရသူ မိုဟာမက် မာရူဖ်တို့ ကို  “အထူးသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ” စာရင်းမှာ ထည့်သွင်းဖော်ပြလိုက်တာပါ။

TTP ရဲ့ လက်ထောက်အကြီးအကဲ ကွာရီအမ်ဂျတ်ကို ပါကစ္စတန်တာလီဘန်လို့လည်း ခေါ်တွင်ပြီး အမ်ဂျတ်ဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တစ်ခုအတွင်းရှိ  စစ်ဆင်ရေးတွေကို ကြီးကြပ်ရသူလည်း ဖြစ်ပါတယ်။

 “အမေရိကန်တရားစီရင်ပိုင်ခွင့်အရ ဒီလိုသတ်မှတ်ထားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အကျိုးစီးပွားအား လုံးကို ပိတ်ဆို့ပြီး အမေရိကန်နိုင်ငံသားအားလုံးနဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာလည်း တားမြစ်လိုက်တယ်” ဆိုပြီး  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ချေမှုန်းဖို့ အမေရိကန်အနေနဲ့ အကြမ်းဖက်မှုတန်ပြန်ရေး ကိရိယာအစုံအလင်ကိုအသုံးပြုဖို့ ကတိပြုထားပါကြောင်း  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

“နိုင်ငံတကာ အကြမ်းဖက်သမားတွေ အာဖဂန်နစ္စတန်မှာ ပြစ်ဒဏ်ကင်းမဲ့စွာ လှုပ်ရှားဆောင်ရွက်နိုင်မှု မရှိတာကို သိမြင်နိုင်ဖို့ သက်ဆိုင်ရာတုံ့ပြန်ရေး အတိုင်းအတာအားလုံးကို ဆက်လက်အသုံးပြုသွားမှာပါ” လို့ သူက ထပ်လောင်း ပြောကြားခဲ့တာပါ။

ပါကစ္စတန်အစိုးရနဲ့ ခြောက်လကြာ အပစ်အခတ်ရပ်စဲရေး တရားဝင်အဆုံးသတ်ကြောင်း ပါကစ္စတန်တာလီဘန်တို့က အခုသီတင်းပတ်အစောပိုင်းက ကြေညာပြီးနောက် အမေရိကန်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အတိအလင်းကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

Ref;Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.