ဆီးရီးယား၊ ဒီဇင်ဘာ(၃)
ဆီးရီးယားမှာ ဖြိုခွင်းခံခဲ့ရတဲ့ IS စစ်သွေးကြွခေါင်းဆောင် အဘူအယ်လ်ဟာဆန် အယ်လ်ဟာရှီမီ အယ်ကွာ ရှီနဲ့အဖွဲ့ဟာ ဂျာဆင်မြို့မှာ ဒေသခံတိုက်ခိုက်ရေးသမားတွေ ဝိုင်းရံခံထားရစဉ်က သူ့ကိုယ်သူ အသေခံဗုံးခွဲပြီး အဆုံးစီရင်ခဲ့တာလို့ စစ်ဆင်ရေးမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
အဲဒီခေါင်းဆောင်ဟာ အနောက်မြောက်ပိုင်း ဒါရာ ပြည်နယ်မှာ Free Syrian Army (FSA) က ဆောင်ရွက်တဲ့ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ပေးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရုရှား-ကြားဝင် ရင်ကြားစေ့ရေး သဘော တူညီချက်တွေအရ ဒီပြည်နယ်ကို ဆီးရီးယားစစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အိမ်တစ်အိမ်တွင်းမှာ လျှို့ဝှက်ပုန်းအောင်းနေတဲ့ စစ်သွေးကြွခေါင်းဆောင်နဲ့ လက်ထောက်တွေကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ FSA မှာ ပါဝင်တဲ့ ရဲဘော်တွေနဲ့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ သူတို့ရဲ့ ခိုအောင်းရာနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခေါင်း ဆောင်နဲ့ အဖော်တစ်ဦးဟာ အသေခံ ဖောက်ခွဲလိုက်တယ်” လို ပါဝင်ခဲ့တဲ့ တိုက်ခိုက်ရေးသမားဟောင်းက ပြောပါတယ်။
FSA ဟာ ၂၀၁၈ ခုနှစ်က ထောက်ပံ့မှုတွေကို မရုပ်သိမ်းခင်အထိ အနောက်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ နိုင်ငံ တွေရဲ့ ကျောထောက်နောက်ခံကို ရရှိထားပေမယ့် သူတို့ဟာ လက်နက်ငယ်တွေ ကိုင်ဆောင်ခွင့် သဘောတူ ညီချက်တွေရရှိထားပြီး သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို အဲဒီဒေသမှာ ဆက်လက် ထားရှိခဲ့တာဖြစ်ပါ တယ်။
IS အဖွဲ့ကတော့ သူတို့ရဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ခေါင်းဆောင်သေဆုံးမှုကို အသေးစိတ်မဖော်ပြဘဲ ဘုရားသခင်ရဲ့ ရန်သူတွေကို တိုက်ခိုက်ခြင်း ကြောင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။
IS အဖွဲ့ဟာ အိမ်နီးချင်းအီရတ်ပြည်တွင်းစစ် မငြိမ်မသက်မှုတွေကနေ ပေါ်ပေါက်လာတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်း နေရာအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။
IS အဖွဲ့ရဲ့ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်ကစပြီး အီရတ်နဲ့ နိုင်ငံတကာတပ် ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနေခဲ့တာ ဖြစ်ပါတယ်။
Ref: CNA