တိုကျို – ဒီဇင်ဘာ(၃)
ဗြိတိန်၊အီတလီနဲ့ ဂျပန်တို့ဟာ အဆင့်မြင့်ဂျက်တိုက်လေယာဉ်သစ် ပူးတွဲထုတ်လုပ်ဖို့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းမှာ အခြေခံသဘောတူညီချက်တစ်ရပ်ကြေညာဖို့ရှိတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
ဒီစီမံကိန်းဟာ ဗြိတိန်ကို အာရှမှာ ပိုမိုကြီးမားတဲ့ လုံခြုံရေးအခန်းကဏ္ဍပေးအပ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်အင်အားကို တန်ပြန်ဖို့ ကူညီပေးနိုင်တဲ့ လုံခြုံရေးမိတ်ဖက်အသစ်တွေကို ပေးစွမ်းပြီး ဂျပန် နဲ့ ဗြိတိန်အတွက် လုံခြုံရေးဆိုင်ရာ ပိုမိုနီးကပ်တဲ့ အမြင့်ဆုံးဆက်ဆံရေးကို ကိုယ်စားပြုတာဖြစ် တယ်လို့ ဆိုနေကြတာပါ။
ဗြိတိန်ဦးဆောင်တဲ့ တမ်ပက်စ် ဂျက်တိုက်လေယာဉ်ပရောဂျကို ဂျပန်ရဲ့ F-X တိုက်လေယာဉ် အစားထိုး ပရောဂျက်နဲ့ ပေါင်းစည်းမှုအစီအစဉီကို ပြီးခဲ့တဲ့ ဇူလိုင်လက ရိုက်တာက ဖော်ပြခဲ့ဖူး ပြီး အဓိက ကာကွယ်ရေးပစ္စည်းဆိုင်ရာ ပရောဂျက်အတွက် ဂျပန်နိုင်ငံ ကအမေရိကန် အပြင် ပြင်ပနိုင်ငံတွေနဲ့ ပထမဆုံးအကြိမ်ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဟာ အမျိုးသားလုံခြုံရေးမဟာဗျူဟာအသစ်နဲ့ စက်ဘက်ဆိုင်ရာ ဝယ်ယူရေး အစီအစဉ် ကို မထုတ်ပြန်မီဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
တည်ဆောက်မှုအစီအစဉ်ဟာ လာမယ့် ငါးနှစ်အတွင်း နိုင်ငံGDP ရဲ့(၅) ရာခိုင်နှုန်းအထိ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးနိုင်စေပြီးတရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ စစ်ရေးအရ လုပ်ဆောင်မှုကို ဟန့်တားဖို့ ဒီဇိုင်းထုတ်ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေအပါအဝင် လက်နက် သစ်တွေအတွက် ဖြစ်ပါတယ်။
BAE Systems နဲ့ Mitsubishi Heavy Industries တို့ဦးဆောင်မယ့် ဂျက်တိုက်လေယာဉ်သစ် အတွက် ဂျပန်၊ဗြိတိန်နဲ့ အီတလီတို့ ရဲ့ဆွေးနွေးမှုမှာ အလုပ်ခွဲဝေမှုနဲ့ မိတ်ဖက်တစ်ဦးစီရဲ့ ဒီဇိုင်း ပုံစံတွေလို့ ပရောဂျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ပိုင်းဖြတ်ဖို့အတွက် ၂၀၂၃ ခုနှစ်မှာ လုပ်ဆောင်ဖို့ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂျပန်ရဲ့ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကလည်း ပူးတွဲဂျက်တိုက်လေယာဉ် တွေ တင်ပို့နိုင်ဖို့ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ပို့ကုန်စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ အဆိုပြုချက် တွေကို ကြည့်ရှုနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းက နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
Ref: The Straitstimes