မော်လမြိုင်၊ ဒီဇင်ဘာ၊ (၃)
တောင်ကိုရီးယားအသင်းဟာ ပြိုင်ဘက် ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတာ ဖြစ်ပါတယ်။
ဆွန်ယောင်မင်ရဲ့ တောင်ကိုရီးယားအသင်းဟာ နာကျင်အချိန်မှာ သွင်းနိုင်ခဲ့တဲ့ သွင်းဂိုးကြောင့် ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး အုပ်စုအတွင်း ပြိုင်ဘက် ဥရုဂွေးအသင်းနဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်အသာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီပွဲ အနိုင်ရလဒ်ကြောင့် တောင်ကိုရီးယားအသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ တောင်အမေရိကအသင်း ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ရှုံးထွက်ပွဲစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာရှဇုန်ကနေ ရှုံးထွက်အဆင့်ကို တောင်ကိုရီးယား၊ဂျပန်၊ ဩစတြေးလျ အပါအဝင် အသင်း ၃ သင်းထိ တက်ရောက်နိုင်ခဲ့တာပါ။
တောင်ကိုရီးယားအသင်းကတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အောင်မြင်မှု ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်