ရုရှား-မြန်မာနှစ်နိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကာကွယ်ရေး အပါအဝင်စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဗဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ကြဖို့အထိ ဆက်ဆံရေး တိုးမြှင့် လာတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာတော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေးဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှု စာချွန်လွှာရေးထိုးထားတဲ့ အခြေအ နေတွေထိ ရောက်ရှိလာခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံကဘာကြောင့် အခုလို ဆက်ဆံရေး အရှိန်အဟုန်တိုးမြှင့်လာတာလဲ။ ရုရှားရဲ့ဦးတည်ချက်တွေကရော ဘာတွေဖြစ်နေလဲ။ ဒီအခြေအနေတွေနဲ့ပတ် သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ ရုရှားနိုင်ငံက ပြည်တွင်းရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပြစ်တင်ရှုတ်ချထားတဲ့ အာဏာ သိမ်းစစ်ကောင်စီကို ဘာလို့ ပတ်သက်ဆက်ဆံနေတယ်လို့ မြင်မိလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
အဲ့ဒါက နှစ်ဖက်ကြည့်လို့ရမယ်။ ပထမတစ်ချက်က ရှရှားကလည်း မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာကပြစ်တင် ဝေဖန်သလို ရှုတ်ချနေသလို ရှရှားကလည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရှုတ်ချတာခံနေရတယ်။ ရှရှားက လည်း သူ့ရဲ့မဟာမိတ်ဆက်ဆံရေး အခန်းကဏ္ဍမှာ တိုးမြှင့်ဖို့လိုအပ်နေတဲ့ အခြေအနေရှိတယ်လို့ နားလည် တယ်။ အဲဒီအခြေခံကနေ မူတည်ပြီးတော့ ဒီမြန်မာနိုင်ငံနဲ့ တိုးမြှင့်ဆက်ဆံဖို့အတွက် ရည်ရွယ်ချက်ရှိနေတယ်။ သူကနဂိုရှိရင်းစွဲ ဆက်ဆံရေးမပြတ်ဖို့ရော၊ နောက်တစ်ခါ ရှရှားအပေါ်မှာ မြန်မာနိုင်ငံက မှီခိုနေရတဲ့သဘောရှိ တယ်။ မြန်မာနိုင်ငံဘက်ကလည်း ဒီလိုမျိုးပြစ်တင်ဝေဖန်မှုတွေကြောင့် စစ်အင်အားရယ်၊ နောက်ပြီးတော့ ပြည် တွင်းတိုးတက်မှုဆိုင်ရာ ကိစ္စတွေမှာ မိတ်ဖက်မဟာမိတ်နိုင်ငံ မရှိသလောက်နည်းနေတဲ့ အခြေအနေမျိုးဖြစ်နေ တဲ့အချိန်မှာ သူတို့ရည်ရွယ်ချက်တူကြတယ်။ နောက်အခြေအနေပုံစံအားဖြင့်လည်း ဆင်တူနီးပါးရှိနေကြတဲ့အ ချိန်မှာ သူတို့ဘာသာ မိတ်ဖက်မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားကြတယ်လို့ မြင်ပါတယ်ခင်ဗျ။
-ဆိုတော့ အာဏာသိမ်း စစ်ကောင်စီအပေါ် ရုရှားရဲ့ဆက်ဆံရေးတိုးမြှင့်မှု ဦးတည်ချက်က ဘာတွေဖြစ်နေမလဲ။
ဟုတ်ကဲ့။ သူ့ရဲ့ရည်ရွယ်ချက် ဦးတည်ချက်ဆိုရင်တော့ သူ့ရဲ့သမိုင်းကြောင်းကို ပြန်ပြောဖို့လိုလိမ့်မယ်။ သူ့ရဲ့ သမိုင်းကြောင်းအရ စစ်အေးခေတ်ကာလတည်းက သူတို့ကနိုင်ငံရေးဆိုင်ရာ အယူဝါဒခံယူချက်တွေနဲ့ပတ် သက်ပြီး ပွတ်တိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်။ ဆိုဗီယက်ယူနီယံကလည်း အဲဒါကြောင့်ပဲ ပြိုကွဲခဲ့ တယ်။ အဲဒီလိုပြိုကွဲလာတဲ့အချိန်မှာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒီဘက်ဒီမိုကရေစီနိုင်ငံတွေရဲ့ အင်အားတိုးတက်မှုနဲ့ သူ့ရဲ့ရပ်တည်ချက်၊ ရှရှားရဲ့နိုင်ငံရေးရပ်တည်ချက်အရ ရှုံးနိမ့်လာတဲ့သဘော၊ အဲဒီလိုမျိုးသဘောမျိုးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုးသူရဲ့ နဂိုရှိရင်းစွဲ သမိုင်းနဲ့ယှဉ်ပြီးရပ်တည်လာတဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေး ခံယူချက်၊ ပြီးတော့ လုပ်ဆောင်ချက်တွေ၊ ဆောင်ရွက်ချက်တွေနဲ့ ဆိုင်ပြီးတော့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေ တိုး လာဖို့ အတွက်သူ့အနေနဲ့ လိုအပ်နေတယ်ဆိုတာ ဒါသမိုင်းကြောင်း တောက်လျှောက် မြင်နေရတယ်။
မြန်မာနိုင်ငံကလည်း စစ်အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေ ရှိနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ သူ့အတွက်အရေးပါတဲ့ မိတ်ဖက်နိုင်ငံတစ်ခု အရှေ့တောင်အာရှမှာ ဖြစ်လာနိုင်စရာရှိတယ်လို့ သူယူဆထားပုံရတယ်။ ဒီလိုမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်လာတာဖြစ်မယ်။ နောက်တစ်ခုက စီးပွားရေး ကဏ္ဍအရပေါ့။ စီးပွားရေးကဏ္ဍလို့ ပြောရင်စစ်လက်နက်ပစ္စည်းနဲ့ ဒီလိုမျိုးအဆင့်မြှင့်နည်းပညာဆိုင်ရာ ကိစ္စတွေ မှာ ကျွန်တော်တို့က တိုးမြှင့်ပြီးတော့ ဝင်ငွေရဖို့အတွက်၊ အချိတ်အဆက်ရဖို့အတွက် မြန်မာနိုင်ငံက သူ့ရဲ့ဈေး ကွက်တစ်ခုအဖြစ် သူမြင်ထားပုံရတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း တခြားရွေးချယ်စရာအများကြီး မရှိတဲ့အ ချိန်မှာ အခုရှရှားကလည်း ဒီလိုမျိုး လိုလိုလားလားဆက်ဆံလာတဲ့အချိန်မျိုးမှာ ဒီလိုအပ်ချက်အရ ဖြည့်ဆည်း ပေးနိုင်တဲ့ မဟာမိတ်နိုင်ငံတစ်ခုအဖြစ် ဒီစစ်ကောင်စီက ရှုမြင်ပုံရတယ်လို့ ကျွန်တော်တို့ နားလည်လို့ ရပါတယ် ခင်ဗျ။
-နောက်ဆုံးအနေနဲ့ ရုရှားဘက်က ဆောင်ရွက်လာတဲ့ အခြေအနေတွေက မြန်မာနိုင်ငံအပေါ်ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ။
မြန်မာနိင်ငံအပေါ်မှာ ဟိုးအရင်တည်းက ရှရှားရဲ့ပူးပေါင်းပါဝင်မှု ပတ်သက်မှုတွေနဲ့ ကျွန်တော်တို့ဒီစစ်တပ်လို့ ခေါ်တဲ့၊ တပ်မတော်လို့ခေါ်တဲ့ အင်စတီကျူးရှင်းကို ခိုင်မာအောင် သူတို့လုပ်ခဲ့နိုင်ခဲ့တယ်။ အာဏာမသိမ်းခင် ကာလအထိ ဒီစစ်ပညာတွေကိုရှရှားဘက်မှာ သွားသင်တာမျိုးအထိ လုပ်နိုင်ခဲ့တယ်။ ချဲ့ထွင်နိုင်ခဲ့တယ်။ အထူး သဖြင့် တပ်မတော်အင်စတီကျူးရှင်းကို ခိုင်မာအောင် လုပ်လာနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သမိုင်းအရရှိခဲ့ တယ်။ အဲဒီသဘောအတိုင်းပဲ ကျွန်တော်တို့ ပူးပေါင်းဆက်ဆံရာမှာလည်း အခုအားလျော့လာပြီလို့ ယူဆရတဲ့ စစ်တပ်အနေနဲ့ သူ့ရဲ့လိုအပ်တဲ့ လိုအပ်ချက်တွေကိုပြန်ပြီးတော့ ဖြည့်တင်းဖို့အတွက် ရှရှားကနေ အကူအညီ အထောက်အပံ့တွေ ရလာနိုင်စရာရှိတယ်လို့ ကျွန်တော်တို့ မြင်လို့ ရမယ်ခင်ဗျ။