မော်လမြိုင် – ဒီဇင်ဘာ(၃)
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဟောင်း ကျန်ဇီမင်း ကွယ်လွန်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဒီဇင်ဘာလ(၁) ရက်နေ့ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
သဝဏ်လွှာမှာ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခဲ့ရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု ဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကလည်း တရုတ်ပြည်သူ ပြည်သားတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းရေးသားထားတာပါ။
သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာကို တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ထံလိပ်မူပေးပို့ခဲ့တာဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ ဟောင်းဖြစ်သူ ကျန်ဇီမင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့က သွေးကင်ဆာရောဂါနဲ့ ကွယ်လွန် ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၉၆) နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်