ဝါရှင်တန် – ဒီဇင်ဘာ(၃) 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မာကွန်တို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအတွက် အတူတကွ ရပ်တည်ခဲ့ကြသလို ရုရှားရဲ့ ကျူးကျော်ဝင်ရောက် မှုတွေအဆုံးသတ်ရင် ပူတင်နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စတင်တည်းက မစ္စတာဘိုင်ဒန်ဟာ ရုရှားခေါင်းဆောင်နဲ့ စကားပြောဖို့ ငြင်းဆန်ထားပေမယ့် မစ္စတာ မာကွန်ကတော့ ပူတင်နဲ့ ဆက်ဆံရေးကို ဆက်လက် ဖွင့်ထားတာပါ။ 

“သူစကားပြောချင်စိတ်ရှိရင် သူဘာလုပ်ဖို့ ဆန္ဒရှိလ .. ကျွန်ုပ်တို့ အဲ့ဒါကို သိလိုစိတ်က အဆင် သင့်ဖြစ်နေပါပြီ” မစ္စတာဘိုင်ဒန်နဲ့ မာကွန် တို့ရဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီအခြေအနေကို နေတိုးမဟာမိတ်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာဖြစ်ကာ ယူကရိန်းရဲ့ အကျိုးစီးပွားကို ထိခိုက်မယ့် ဘယ်လိုအရာကိုမှ လုပ်ဆောင်သွားမှာမဟုတ်ဘူး လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါသေးတယ်။ 

ခေါင်းဆောင်နှစ်ဦးဟာ ယူကရိန်းကို ထောက်ပံ့ဖို့ ကတိကဝတ်တွေအပြင် စီးပွားရေး တင်းမာမှု တွေကို ဖြေလျှော့ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အမေရိကန်အနေနဲ့ ဥရောပ မဟာမိတ်တွေအပေါ် ချဉ်းကပ်မှုတွေကို ပြန်လည်ချိန်ညှိဖို့ အရေးကြီး တယ်လို့ မစ္စတာ မာကွန်က ပြောခဲ့ပါတယ်။ 

 “ပြင်သစ်က သူ့ရဲ့စီးပွားရေးအတွက် အမေရိကန်ဆီကနေ ခြွင်းချက်တစ်ခုခုတောင်းဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူး။ ဒီစည်းမျဉ်းရဲ့ အကျိုးဆက်က ကျွန်တော်တို့ကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ မျှဝေဖို့ လာခဲ့တာပါ” လို့ ပြင်သစ်သမ္မတက ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးလေးစားလိုက်နာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုလို အရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ အပါအဝင် စည်းမျဉ်းဥပဒေ နိုင်ငံတကာ အမိန့်အပေါ် အခြေခံကာ တရုတ်နိုင်ငံနဲ့ စပ်လျဉ်းတဲ့ စိန်ခေါ်မှုတွေကို ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ဦးက ကတိပြုခဲ့ကြပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.