Radio Than Lwin Times(3/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မော်လမြိုင် – ဒီဇင်ဘာ(၃) တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဟောင်း ကျန်ဇီမင်း ကွယ်လွန်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဒီဇင်ဘာလ(၁) ရက်နေ့ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။ သဝဏ်လွှာမှာ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခဲ့ရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု ဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကလည်း တရုတ်ပြည်သူ ပြည်သားတွေနဲ့ ထပ်တူ…
ဒီမော့ဆို – ဒီဇင်ဘာ(၃) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ထဲက ကုန်းသာရွာနဲ့ သေးဆူလဲ ကျေးရွာတွေကို စစ်ကောင်စီ ဆီကနေ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့က သေးဆူလဲ ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် ကို ဒီမော့ဆိုPDF အပါအဝင် KNDF…
ဆီးရီးယား၊ ဒီဇင်ဘာ(၃) ဆီးရီးယားမှာ ဖြိုခွင်းခံခဲ့ရတဲ့ IS စစ်သွေးကြွခေါင်းဆောင် အဘူအယ်လ်ဟာဆန် အယ်လ်ဟာရှီမီ အယ်ကွာ ရှီနဲ့အဖွဲ့ဟာ ဂျာဆင်မြို့မှာ ဒေသခံတိုက်ခိုက်ရေးသမားတွေ ဝိုင်းရံခံထားရစဉ်က သူ့ကိုယ်သူ အသေခံဗုံးခွဲပြီး အဆုံးစီရင်ခဲ့တာလို့ စစ်ဆင်ရေးမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။ အဲဒီခေါင်းဆောင်ဟာ အနောက်မြောက်ပိုင်း ဒါရာ ပြည်နယ်မှာ Free Syrian Army (FSA) က ဆောင်ရွက်တဲ့ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားတယ်လို့…
ဝါရှင်တန် – ဒီဇင်ဘာ(၃) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မာကွန်တို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအတွက် အတူတကွ ရပ်တည်ခဲ့ကြသလို ရုရှားရဲ့ ကျူးကျော်ဝင်ရောက် မှုတွေအဆုံးသတ်ရင် ပူတင်နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စတင်တည်းက မစ္စတာဘိုင်ဒန်ဟာ ရုရှားခေါင်းဆောင်နဲ့ စကားပြောဖို့ ငြင်းဆန်ထားပေမယ့် မစ္စတာ မာကွန်ကတော့ ပူတင်နဲ့…
တိုကျို – ဒီဇင်ဘာ(၃) ဗြိတိန်၊အီတလီနဲ့ ဂျပန်တို့ဟာ အဆင့်မြင့်ဂျက်တိုက်လေယာဉ်သစ် ပူးတွဲထုတ်လုပ်ဖို့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းမှာ အခြေခံသဘောတူညီချက်တစ်ရပ်ကြေညာဖို့ရှိတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ ဒီစီမံကိန်းဟာ ဗြိတိန်ကို အာရှမှာ ပိုမိုကြီးမားတဲ့ လုံခြုံရေးအခန်းကဏ္ဍပေးအပ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်အင်အားကို တန်ပြန်ဖို့ ကူညီပေးနိုင်တဲ့ လုံခြုံရေးမိတ်ဖက်အသစ်တွေကို ပေးစွမ်းပြီး ဂျပန် နဲ့ ဗြိတိန်အတွက် လုံခြုံရေးဆိုင်ရာ ပိုမိုနီးကပ်တဲ့…
ရန်ကုန်၊ ဒီဇင်ဘာ ( ၃) စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရန်ကုန်မြို့ကဘားနှစ်ခုကို ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန် အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ The Red-Xဘားကို မှော်ဘီအခြေစိုက် Gurdians UG၊ GR-1နဲ့…
မော်လမြိုင်၊ ဒီဇင်ဘာ၊ (၃) တောင်ကိုရီးယားအသင်းဟာ ပြိုင်ဘက် ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဆွန်ယောင်မင်ရဲ့ တောင်ကိုရီးယားအသင်းဟာ နာကျင်အချိန်မှာ သွင်းနိုင်ခဲ့တဲ့ သွင်းဂိုးကြောင့် ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး အုပ်စုအတွင်း ပြိုင်ဘက် ဥရုဂွေးအသင်းနဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်အသာနဲ့…
ရုရှား-မြန်မာနှစ်နိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကာကွယ်ရေး အပါအဝင်စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဗဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ကြဖို့အထိ ဆက်ဆံရေး တိုးမြှင့် လာတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာတော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေးဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှု စာချွန်လွှာရေးထိုးထားတဲ့ အခြေအ နေတွေထိ ရောက်ရှိလာခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံကဘာကြောင့်…
ရေး၊ ဒီဇင်ဘာ (၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာကျေးရွာကြားရှိ ပရာသားတံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ပရာသားတံတားအနီးမှာ လမ်းကင်းအတွက် ကင်းပုန်းဝပ်နေတဲ့ တပ်အင်အား ၁၀ ဦးကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…