ပြုံယမ်း – ဒီဇင်ဘာ(၂) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နှစ်မကုန်ခင်မှာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစည်းတွေ ချဲ့ထွင်းတာနဲ့ ပတ်သက်ပြီး အမေရိကန်၊တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး ပိုမို တင်းမာလာတာနဲ့ပတ်သက်ပြီး အဓိက နိုင်ငံရေးညီလာခံ တစ်ခု ခေါ်ဖို့ ရှိနေတယ်လို့ သိရပါ တယ်။ 

ကင်ဂျုံအန်းဟာ အာဏာာရအလုပ်သမားပါတီရဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ် နိုင်ငံတော်ရဲ့ မူဝါဒတွေ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီး ပါတီဗဟိုကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးကျင်းပဖို့ ဒီဇင်ဘာလ(၁) ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ထားတာပါ။ 

မကြာခင်နှစ်တွေကလည်း ခေါင်းဆောင်ကင်မ်ဟာ ဒီဇင်ဘာလနှောင်းပိုင်းဒါမှမဟုတ် ဇန်နဝါရီလ အစောပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဆောင်ပြီး နိုင်ငံတော်အရေးပြန်လည်သုံးသပ်ဖို့နဲ့ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ လက်နက်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်တာတွေလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ဒုံးကြည်စမ်းသပ်မှု စံချိန်တင် မြင့်တက်ခဲ့ပြီး လက်နက်ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်ဖို့၊ အမေရိကန်၊တောင်ကိုရီးယားတို့အပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့နဲ့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ စစ်ပွဲကြောင့် ဆိုးရွားလာတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ စိတ်ဝမ်းကွဲမှုတွေကို အသုံးချခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကူးစက်ရောဂါကြောင့် နယ်စပ်ပိတ်စို့မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးအဆင်မပြေမှုနဲ့ ပြင်းထန်စွာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စီးပွားရေးကို မြှင့်တင်ဖို့ ရုန်းကန်နေရပြီး ဒီနှစ်ကုန်အစည်းအဝေးမှာ ခေါင်းဆောင်ကင်မ် ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်တယ်လို့ သိရပါတယ်။ 

“၂၀၂၃ ခုနှစ်ဟာမြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း (၇၅) နှစ်မြောက် နှင့် ၁၉၅၀ မှ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအဆုံးသတ်ခြင်း နှစ် (၇၀) နှစ်မြောက်အထိမ်းအမှတ်အဖြစ် “သမိုင်းဝင်နှစ်” ဟုမှတ်သားထားပါပြီး “ငါးနှစ်စီမံကိန်းကို ပြည့်စုံမှုအတွက် ပြတ်သားသောအာမခံချက်” ဖြစ်သင့်တယ်” လို့ ကင်မ် ကပြောခဲ့ပါတယ်။ 

ကင်ဂျုံအွန်ရဲ့ စွန့်စားတဲ့ မူဝါဒဟာ မြောက်ကိုရီးယားကို နျူကလီးယားပါဝါနိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုကို လက်ခံဖို့၊ စီးပွားရေးနဲ့ လုံခြုံရေးအရ လိုက်လျောညီထွေ ညှိနှိုင်းတာတွေ လုပ်ဆောင်အောင်တွန်းအားပေးဖို့ ရည်ရွယ်တာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကစပြီး သူတို့ရဲ့ ပထမဆုံးနျူလက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် မကြာခင်မှာ အရှိန်မြှင့်လာနိုင်တယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူ တွေက ပြောခဲ့ပါတယ်။ 

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေမှာ အမေရိကန် ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့၊မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည်အစီအစဉ်းတွေကို ရပ်တန့်ဖို့ ဆွေးနွေးခဲ့ပေမယ့် သဘောထားကွဲလွဲမှုတွေ ကြောင့် ၂၀၁၉ ခုနှစ်တည်းက ရပ်တန့်သွားတာဖြစ်ပါတယ်။ 

ဝါရှင်တန်နှင့် ပြုံယမ်းတို့ကြား နျူနှင့်ပတ်သက်ပြီ ညှိနှိုင်းမှုများဟာ အမေရိကန်ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည်အစီအစဉ်များကို ရပ်တန့်ရန် လဲလှယ်ခြင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.