ကွာလာလမ်ပူ – ဒီဇင်ဘာ(၂)
မြန်မာအာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြီး ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မလေးရှားအစိုးရက ထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒန်က ပြောခဲ့ပါတယ်။
မလေးရှားဘက်က ငြင်းဆန်တာဟာ စစ်ခေါင်းဆောင် ကတချို့သော ရွေးကောက်ပွဲ ဥပဒေတွေ ကို ဘက်လိုက်ပြီး ပြင်ဆင်ထားသလို သက်ဆိုင်သူအားလုံး အတည်ပြုထားတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုထားတာပါ။
အနာဂတ်ကာလမှာ ပိုမိုတည်ငြိမ်မှုရစေဖို့နဲ့ မြန်မာကို ဒီမိုကရေစီနိုင်ငံအဖြစ်ပြန်လည်ရောက်ရှိ နိုင်အောင် မလေးရှားက ကူညီပေးမယ်ဆိုပြီး ကတိကဝတ်ပြုထားတာဖြစ်ပါတယ်။
“စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်ပြောနေတာ မှန်ကန်မှုမရှိကိစ္စပါ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ကျင်းပထားခဲ့တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက သတ်မှတ်ပြီးသားပါ” လို့မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။
မြန်မာပနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့က စစ်တပ်အာဏာသိမ်းပြီး ချိန်ထဲက အဆိုးရွားဆုံးအခြေတွေအထိကျရောက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပေမယ့် စစ်အုပ်စုက မဲလိမ်လည်မှုတွေရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအဆိုပြုထားတဲ့အတိုင်း ကမ္ဘာတဝှမ်းက နိုင်ငံပေါင်းစုံ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူရှင်များဖိုရမ်တည်ထောင်ရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂူတာရက်စ် ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုထား တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါသေးတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေရှိနေ ပေမယ့် မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။
မြန်မာအကြပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဖိုရမ်တစ်ခုတည်ထောင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အဆိုပြုချက်ကို မလေးရှားက ထောက်ခံထားပါ တယ်။
Ref:Malay Mail