ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြားနှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့်ဒေသခံ ၂ သိန်းကျော် နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေ ထိုင်နေရပါတယ်။ ဒါကြောင့် ကယားပြည်နယ်ထဲမှာ နှစ်ဖက်စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။ နယ်မြေစိုးမိုးနိုင်မှု အခြေအနေအပါအဝင် စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီKSCC ပြောရေး ဆိုခွင့်ရှိသူ ခူထီးဘူနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး ကယားပြည်နယ်ရဲ့ စစ်ရေးအခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော့်သုံးသပ်ချက်ကတော့ ဘယ်လိုပြောမလဲ အားလုံးသိပြီးသား ဖြစ်မှာပါ။ ပွင့်လင်းရာသီမှာ စစ်ကောင်စီ ဘက်ကတော့ စစ်ဆင်ရေးမြှင့်မယ်လို့ အဲဒီလိုပဲ သုံးသပ်ရတာပေါ့။ အဓိကကတော့ သူတို့နယ်မြေ ပြန်စိုးမိုးဖို့ ရယ်၊ နောက်ပြီးတော့ သူတို့ အဓိကကတော့၂၀၂၃ရွေးကောက်ပွဲ အစီအမံကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အဲဒီလိုမျိုးကြားသိရတာပေါ့နော်။ သူတို့ဘယ်လိုပဲ စီမံပါစေ။ ဒီဘက်က တော်လှန်ရေးအင်အားစုတွေက ခိုင်ခိုင် မာမာကိုပဲ ရင်ဆိုင်နေကြတော့ သူတို့အတွက် အခက်အခဲအများကြီး ရှိနေတာပေါ့လေ။ အဲဒီလို ရှိနေတယ်။ သူ တို့မှာ အင်အားတော့ ရှိတာပေါ့။ လက်နက်ကြီးပစ်ကူတာရယ်၊ နောက်အပေါ်က လေကြောင်းတိုက်ခိုက်မှုက အဲဒါလည်း ဘယ်လိုပဲ ဖြစ်ပါစေ ဒေသခံတော်လှန်ရေး လက်နက်ကိုင်တွေကတော့ အဲဒါကိုအကာ အကွယ်မပေးနိုင်ဘူးလေ။ အဲဒါတစ်ခုပါပဲ။ အဲဒါကိုလည်း အခြေအနေအားလုံးက သွားနေတယ်ဆိုတော့ နောက်သူတို့ TARGET ကလည်း ဒီ PDF တွေကိုပဲ၊ လက်နက်ကိုင်အင်အားစုတွေကိုပဲ နေ့တိုင်းပဲ လူထုရော လက်နက် ကိုင် ရော မခွဲခြားတော့ပဲ တိုက်နေတော့ လူထုကပဲ ဆက်လက်နစ်နာနေမှာပေါ့လေ။ ဒီလိုပဲ ကျွန်တော်နားလည် တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အခုတိုက်ပွဲရပ်ထားတာဆိုတာ ရိတ်သိမ်းချိန်ဖြစ်တော့ ဒီဘက်ကလည်း လူထုရဲ့ ပန်ကြားမှုအရပေါ့လေ။ သူတို့ နားထားတယ်ပေါ့။ အခုဆို ပွင့်လင်းရာသီ ပြန်ဖြစ်ပြီဆိုတော့တိုက်ပွဲတွေ ပိုပြန်ဖြစ်လာမယ်လို့ပဲ ကျွန်တော်အဲဒီလို နားလည်ထားပါတယ်။

-လက်ရှိ နယ်မြေစိုးမိုးမှုကရော ဘယ်လိုအခြေအနေတွေ ရှိနေပါသလဲ။

နယ်မြေစိုးမိုးမှုက အခုဒီလိုပဲ ပြောလို့ရမယ်။ ခဏခဏ ကျွန်တော့်ကို မေးလည်း ဒီလိုပဲဖြေတာပဲ။ ဒီအကြမ်းဖက် စစ်ကောင်စီ ဘက်ကတော့ သူ့နယ်မြေစိုးမိုးမှုဆိုတာ မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာ သူတို့က သူတို့စခန်းထဲ မှာပဲ ထိုင်ပြီးတော့နေတယ်။ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာလည်း သူတို့မအောင်မြင်ဘူး ပေါ့။ သူတို့ထိန်းထားနိုင်တာက မြို့ပေါ်ပဲ။ မြို့ပေါ်ဆိုတာ လွိုင်ကော်မြို့ပေါ်နဲ့ အနီးအနားကျေးရွာ မြေပြန့်တွေ မှာပဲ ထိန်းထားနိုင်တယ်။ ဒါပေမယ့် အခြားသော မြို့နယ်ဆို ရှားတောမြို့နယ်တစ်ခုရယ်၊ ဖားဆောင်းမြို့ပေါ် ရယ်၊ ဘော်လခဲမြို့ပေါ်ရယ်ပဲပေါ့။ ကျန်တဲ့ ဒီမော့ဆိုက မြို့လုံးဝပျက်သွားပြီပေါ့။ အဲဒီလိုဖြစ်သွားတာဆိုတော့ နယ်မြေထိန်းတာကတော့ အပြန်အလှန်တော်လှန်ရေး အင်အားစုတွေကတော့ မြို့ပြင်မှာ အားလုံးက သွားလာ လှုပ်ရှားနိုင်တယ်။ နယ်မြေကို ထိန်းထားနိုင်တယ်။ လူထုနဲ့အတူ ရှိတယ်။ သို့သော် တစ်ခုကလက်နက်ကြီးတွေ အလုံးအ ရင်းနဲ့ လေယာဉ်နဲ့ စစ်ကူလာပြီဆို သူတို့လည်းပြန်ဆုတ်ရတာပဲလေ။ ရှောင်တိမ်းရတာပဲ အဲ့လိုဖြစ်နေ တော့ တကယ်တမ်း စစ်ကောင်စီဘက်ကအကြမ်းဖက်စစ်တပ်က ကျေးလက်ဒေသကို လုံးဝထိန်းထားနိုင်ခြင်း မရှိတော့ဘူး။မြို့ပေါ်လောက်ပဲ။

-ကယားတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရော အခြေအနေဘယ်လိုရှိနေပါသလဲ။

အခြေအနေက ဆိုးလာတယ်ပေါ့လေ။ စစ်ကောင်စီကြောင့် တအားနစ်နာနေပြီကိုး။ အိမ်ခြေကလည်း ထောင်နဲ့ သောင်းနဲ့ ပျက်စီးနေပြီ လူထုတွေကလည်း လူဦးရေ သိန်းနဲ့ချီ စစ်ဘေးရှောင်တွေ ဖြစ်ကုန်ပြီ။ အခုကျေးလက် နေ ပြည်သူလူထုနဲ့ မြို့ပေါ် မှာလည်း စစ်ရှောင်ကုန်ပြီဆိုတော့ ဒေသခံတောင်သူ လယ်သမားတွေကလည်း စိုက် ပျိုး စားသောက်နိုင်တာမရှိတော့ဘူး။ နောက်ပြီး ဒီနှစ်ကလည်း ကောင်းမွန်စွာ မစိုက်ပျိုးနိုင်တဲ့အတွက်ကြောင့် အထွက်နှုန်းတွေကလည်း မကောင်းဘူး။ ဒီနှစ်အထိကတော့ သူတို့စု ဆောင်းထားတဲ့ဟာတွေ မှီခိုလို့ရနေပေ မယ့်လည်း လာမယ့်နှစ်အတွက်တော့ လုံးဝအဆင်ပြေမှာ မဟုတ်တော့ဘူး။ အခုကလည်း ပြည်ပကနေ အချင်း ချင်း ကူညီပံ့ပိုးမှုရှိတာရယ်၊ အပြန်အလှန် ကူညီကြတာရယ်နဲ့ မှီခိုနေဆဲပဲရှိနေတော့ ဘယ်လောက်ခံနိုင်မလဲ မသိတော့ဘူး။ မပြောနိုင်ဘူး။ ဒါပေမယ့် ဒီလိုဆက်ဖြစ်နေရင်တော့ လုံခြုံမှုကလျော့ရဲလာမယ်။ လိုအပ်လာ မယ်။ အခုကတည်းက ကျန်းမာရေးကအစ စနစ်ကပျက်ပြားနေပြီလေ။ CDMတွေ ကတတ်နိုင်သလောက် ပါဝင်ကူညီပံ့ပိုးပေးနေတယ်။ တည်ဆောက်ပေး နေတယ်။ ကျန်းမာရေး၊ပညာရေး သို့သော်လည်း အဲဒါ အားလုံးက ခဏခဏဖျက်ဆီးခံရ၊ ရွှေ့ပြောင်းနေရတော့ အဲဒါကသူတို့ စားဖို့သောက်ဖို့ကလည်း စီမံပေးရ တော့ပိုပြီးတော့ အခက်အခဲရှိလာတယ်။ ကျွန်တော်ပြောလို့ရတာပေါ့လေ။

-စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းလာရင်ရော ကယားပြည်နယ်မှာဆွေးနွေးတာတွေ ရှိလာနိုင်ပါသလား။

အခုလောလောဆယ်တော့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာတာ ကျွန်တော်ကြားတော့ မကြားမိသေးဘူး။ မပြောနိုင်ဘူး။ အားလုံးအခက်အခဲရှိနေကြတော့ အဲဒီခက်ခဲမှုပေါ်မှာ မတောင့်ခံနိုင်ဘူး မပြောနိုင်တော့ ဒါပေ မယ့် ကျွန်တော်နားလည်တာက အဖွဲ့အစည်းကလည်းများတာပေါ့လေနော့။ တစ်ဖွဲ့ချင်းက ကျွန်တော်မပြော နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်သိရသလောက်တော့ ဒီလက်နက်ကိုင်အင်အားစုတွေထဲမှာ အခုလက်ရှိ PDF တွေပေါ့။ PDF ဆိုတာထက် KNDF တို့၊ ကရင်နီတပ်မတော်တို့က ပြောမှာ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့အစည်း တွေကလည်း ပြောမလား၊ မပြောဘူးလားဆိုတာကလည်း ကျွန်တော်တို့က သိပ်ပြီးကိုယ်စားပြု မပြောနိုင်ဘူး ပေါ့။ ဒါပေမယ့် ကျွန်တော်နားလည်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းထဲက ပူးပေါင်းဆောင်ရွက်နေကြတဲ့ မဟာမိတ် အဖွဲ့အစည်းကတော့ ဘယ်လိုမှ ဒီစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ လူထုကိုယ်စားပြုတဲ့ အဖွဲ့ အစည်းတွေကတော့ သူတို့ပြောမှာ မဟုတ်ဘူးထင်တယ်။ တော်တော်လေး နစ်နာနေပြီလေ။ ကျွန်တော်တို့လူ ထုကိုယ်တိုင်ကလည်း ဆန္ဒမှ မရှိကြတော့ပဲ။ ကျွန်တော် အနေနဲ့ နားလည်တယ်။ ကျွန်တော်လည်း လူထုကိုယ် စားလှယ်တွေနဲ့ တွေ့တဲ့အချိန်မှာ သူတို့ကတော့ ပြောစရာအကြောင်း မရှိ တော့ပါဘူးပေါ့။ သူတို့ နေစရာ၊ ထိုင် စရာကလည်း မရှိတော့ဘူး။ ပြန်မယ်ဆိုတော့လည်း ပြန်စရာအိမ်မရှိတော့ဘူး။ အများကြီး ပျက်စီးကုန်ပြီပေါ့။ နောက်မိဘ၊ဆွေမျိုး၊သားသမီးတွေ သေပြီဆိုတော့ ကျွန်တော်တွေ့ဆုံနေရတဲ့ လူပုဂ္ဂိုလ်တွေအရ တချို့လူထု ကိုယ်စားပြု အဖွဲ့အစည်းတွေကတော့ ပြောဖို့ အစီအစဉ်မရှိတော့ဘူးလို့ ကျွန်တော်အဲဒီလိုပဲ နားလည်ပါတယ်။

 -ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။ နောက်ဆုံးအနေနဲ့ ကယားပြည်နယ်နဲ့ပတ်သက်ပြီးဘာများ ဖြည့် စွက်ပြောကြားချင်တာ ရှိမလဲ။

ဟုတ်ကဲ့။ ရှေ့ကတော့ အောင်ပွဲက သေချာအောင် လုပ်ရမယ်။ မအောင်လို့မဖြစ်ဘူး။ တစ်ခုရှိတာက အဲဒီလို အောင်ပွဲကိုခံနိုင်ဖို့၊ ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့၊ စစ်ကောင်စီကျဆုံးဖို့ဆိုတာက ကျွန်တော်တို့လူထုတွေ အားလုံးက ညီညီညွတ်ညွတ် ရှိမှရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်မှ ရမယ်ပေါ့လေ။ ပါတီအဖွဲ့အစည်းတွေအားလုံး၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး၊ လူထုတွေ အားလုံး ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်အတိုင်း စုစည်းစွာ တိုက်ပွဲဝင်သွားကြ တယ် ဆိုရင်တော့ အမိန့်တစ်ခုတည်း ရဲ့ အောက်မှာ၊ ရည်ရွယ်ချက် တစ်ခုတည်းရဲ့အောက်မှာ ကျွန်တော်တို့ဝိုင်းသွားကြရင် အောင်ပွဲရ နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါပေမယ့် တကွဲတပြားစီနဲ့ ကိုယ့်ဘာသာတစ်ဦးချင်းတွေ လျှောက်ပြီးထင်ရာ လျှောက် လုပ်နေကြရင်တော့ ကျွန်တော်တို့ တော်လှန်ရေးကလည်း အဓွန့်ရှည်ဦးမယ်။ ပင်ပန်းကြမယ်။ ပင်ပန်းကြပြီးတော့မှ လက်ပန်း တွေကျ၊ စိတ်ဓာတ်တွေကျ၊ အဲဒီလိုဖြစ်လာနိုင်တယ်။ အဲဒီအပေါ်မှာလည်း ဒါဖြစ်အောင်လည်း စစ်ကောင်စီဘက်က လုပ်မှာပဲ။ အဲဒါကိုလည်း ကျွန်တော်ပြောပြချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.