ပေါက် – ဒီဇင်ဘာ(၁)
မကွေးတိုင်း ပေါက်မြို့နယ်မှာ က.ပ.စ(စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ) တွေကို သွယ် တန်းထားတဲ့ ဓာတ်ကြိုးတွေ ပြုပြင်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကတိုက်ခိုက်ခဲ့တဲ့အတွက် (၅) ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ကာကွယ်ရေး တပ်ဖွဲ့က သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့ ညနေပိုင်းက တိုက်ပွဲစတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး (၁) နာရီ ကျော်အတွင်း စစ်ကောင်စီတပ်သား(၃)ဦးနဲ့ ပျူစောထီး(၂)ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
“ပေါက်မြို့နယ်မြောက်ပိုင်း ချောင်းကူးရွာအရှေ့ဘက် ခြောက်ဖာလုံလောက်အကွာ မီးကြိုဆက် ဖို့လာတဲ့ စစ်ကောင်စီဖောကားသုံးစီးကိုတိုက်ခိုက်ခဲ့တာပါ။” လို့ မြိုင်ပကဖ တပ်ရင်း-၁ က ဗိုလ်လကျ်ာက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ က.ပ.စ ၂၄ နဲ့ ကျော က.ပ.စ ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုး တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုးခွဲဖြတ်တောက်ထားခဲ့တာဖြစ်ပြီး အဲဒီမီးကြိုးတွေ ပြန်ပြင်ဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း-၁၊ မြွေပွေးပျောက်ကြားတပ်ဖွဲ့၊ကျေးရွာ Local အဖွဲ့ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်မှာ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မကြာခဏတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ အထိနာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၆) ရက်နေ့ကလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကိုင်းလယ်ရဲစခန်း ကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်