ဘန်ကောက် – ဒီဇင်ဘာ(၁) 

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် က ထိုင်းနိုင်ငံတိုက်ကွမ်ဒို နည်းပြချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ တောင်ကိုရီးယား နိုင်ငံသား ချွိုင်ဟာ ထိုင်းနိုင်ငံသားအဖြစ်ခံယူလိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ လူကြိုက်နည်းတဲ့ တိုက်ကွမ်ဒိုအားကစားကို နိုင်ငံတကာ ပြိုင်ပွဲတွေအထိ ဝင်ရောက် နိုင်ဖို့ နည်းပြချွိုင်က ဆောင်ရွက်ခဲ့ပြီးသူဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ၂၀၀၄ အေသင် အိုလံပစ်မှာ ကြေးတံဆိပ်ရရှိခဲ့တာပါ။ 

ချွိုင်ဟာ သူ့ရဲ့ အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှု တံဆိပ်တွေ ရယူ ပေးထားသူဖြစ်ပြီး ၂၀၂၀ တိုကျိုအိုလံပစ်မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အိုလံပစ်တိုက်ကွမ်ဒို ရွှေတံဆိပ် ကိုရယူပေးနိုင်ခဲ့တဲ့အတွက် ထိုင်းလူမျိုးတွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေဆွတ်ခူးပြီးနောက် တိုက်ကွမ်ဒို ရဲ့ မူလနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဟာ ထိုင်းအသင်းရဲ့ နည်းပြချွိုင်ကို ခန့်အပ်ဖို့ စောင့်ကြည့် တာတွေရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာ နည်းပြအဖြစ် (၁၀) နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့တဲ့ ချွိုင်ကို အာဏာပိုင်တွေက နိုင်ငံသားဖြစ်ခွင့်အတွက်အသိပေးပြီးနောက် ၂၀၁၁ ခုနှစ်မှာ လျှောက်လွှာတွေပေးပို့ခဲ့တာ ဖြစ်ပြီး ချွိုင်ဟာ သူ့ရဲ့အဖွားဖြစ်သူ ဆုံးပါးချိန်မှာတော့ ကိုရီးယားနိုင်ငံသားဖြစ်မှုကို အဆုံးသတ် ခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော် ထိုင်းနိုင်ငံမှာ အနှစ် ၂၀ နီးပါးနေထိုင်ပြီး ထိုင်းနိုင်ငံမှာ မိသားစုဘဝနဲ့ ဒီမှာနေချင် တယ်။ ကျွန်တော့်သားလည်း ဒီမှာ ပျော်ရွှင်နေပါတယ်။ အားကစားသမားတွေနဲ့ ကျောင်းသား တွေဟာ ကျွန်တော်ရဲ့ သားသမီးတွေလိုပါပဲ။ ကျွန်တော် ထိုင်း နိုင်ငံသားဖြစ်ရင် ထိုင်းနိုင်ငံမှာ တိုက်ကွမ်ဒို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးမယ်” လို့ နည်းပြချွိုင်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံသားဖြစ်လာရင် တိုက်ကွမ်ဒိုအတွက် ဖောင်ဒေးရှင်းထူထောင်ဖို့လည်း ပိုမို လွယ်ကူမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

နိုင်ငံသားဥပဒေမှာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားသူတွေဟာ ဖြစ်ပြီးအနည်းဆုံးအသက် (၁၈) နှစ်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုမှတ်တမ်း ကင်းရှင်းသူ၊ ထိုင်းနိုင်ငံမှာ အနည်းဆုံး (၅) နှစ်အဆက်မပြတ်နေထိုင်သူ၊ထိုင်းဘာသာစကားကျွမ်းကျင်သူ အစရှိတဲ့ အချက် (၅) ချက် လိုအပ်တယ်လို့ သိရပါတယ်။ 

“ထိုင်းနိုင်ငံမှာနေချင်တာက ဆုံးဖြတ်ထားပြီးသားပါ၊ ထိုင်းနိုင်ငံအတွက် ရွှေတံဆိပ်ယူပေးနေတဲ့ ထိုင်းလူမျိုးဖြစ်ချင်တယ်၊ အိုလံပစ်ရွှေတံဆိပ်ရတဲ့ ထိုင်းအားကစားသမားတွေကို ပို့ဆောင်ပေး တဲ့လူက  ကိုရီးယားလူမျိုးလည်း မဟုတ်ဘူး” လို့ ချွိုင်က ပြောခဲ့ပါတယ်။ 

နိုင်ငံသားဖြစ်ခွင့်ရသူဟာ သူ့ရဲ့ နိုင်ငံဟောင်းရဲ့ နိုင်ငံသား အဖြစ်အသုံးပြုနေတဲ့ အထောက် အထားတွေ ကို ထိုင်းအစိုးရက တွေ့ရှိရင် နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်တယ်လို့ သိရပါတယ်။

Ref:The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.