December 1, 2022

ပေါက်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၅) ဦးသေဆုံး

ပေါက် – ဒီဇင်ဘာ(၁) မကွေးတိုင်း ပေါက်မြို့နယ်မှာ က.ပ.စ(စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ) တွေကို သွယ် တန်းထားတဲ့ ဓာတ်ကြိုးတွေ ပြုပြင်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကတိုက်ခိုက်ခဲ့တဲ့အတွက် (၅) ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ကာကွယ်ရေး တပ်ဖွဲ့က သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့ ညနေပိုင်းက တိုက်ပွဲစတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး (၁) နာရီ…

ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးကို စစ်ကောင်စီ သေဒဏ်ချမှတ်

ရန်ကုန် – ဒီဇင်ဘာ(၁) စစ်ကောင်စီ ထောင်တွင်းတရားရုံးကနေ ဒဂုံတက္ကသိုလ် ကျောင်းသား(၇) ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၃၀) ရက်နေ့ က သေဒဏ်ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကျောင်းသားတွေကို ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးပြီး အခုလို…

ဆောင်းရာသီစစ်ပွဲအတွက် အထောက်အပံ့တွေ အရှိန်မြှင့်ဖို့ မဟာမိတ်တွေကို ယူကရိန်း တိုက်တွန်း

ကိဗ်ယက်၊ ဒီဇင်ဘာ(၁) ဆောင်းရာသီတစ်လျှောက်လုံး ရုရှားရဲ့ ကျူးကျော်စစ်ကိုရင်ဆိုင်နေချိန် ကိဗ်ယက်မြို့ကို အထောက်အပံ့တွေ တိုးမြှင့်ကူညီဖို့ အနောက်မဟာမိတ်တွေက ကတိပြုထားတာကြောင့် နေတိုးအဖွဲ့ဝင်တွေကို ပျက်ဆီးသွားတဲ့ မဟာဓာတ်အားလိုင်းကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးဖို့နဲ့ လက်နက်တွေ ပေးပို့မှုကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ ယူကရိန်းက နိုဝင်ဘာလ (၂၉) ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ မော်စကိုဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး…

ထိုင်းတိုက်ကွမ်ဒို နည်းပြ တောင်ကိုရီးယားနိုင်ငံသား ချွိုင် ထိုင်းနိုင်ငံသားခံယူ

ဘန်ကောက် – ဒီဇင်ဘာ(၁) လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် က ထိုင်းနိုင်ငံတိုက်ကွမ်ဒို နည်းပြချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ တောင်ကိုရီးယား နိုင်ငံသား ချွိုင်ဟာ ထိုင်းနိုင်ငံသားအဖြစ်ခံယူလိုက်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ လူကြိုက်နည်းတဲ့ တိုက်ကွမ်ဒိုအားကစားကို နိုင်ငံတကာ ပြိုင်ပွဲတွေအထိ ဝင်ရောက် နိုင်ဖို့ နည်းပြချွိုင်က ဆောင်ရွက်ခဲ့ပြီးသူဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ၂၀၀၄ အေသင် အိုလံပစ်မှာ ကြေးတံဆိပ်ရရှိခဲ့တာပါ။ ချွိုင်ဟာ သူ့ရဲ့…

တရုတ်ဟာ လာမယ့် ၂၀၃၅ မှာ နျူထိပ်ဖူးပေါင်း (၁၅၀၀) အထိထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့ ပင်တဂွန်ဆို

ဝါရှင်တန် – ဒီဇင်ဘာ(၁) အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားတဲ့အစီရင်ခံစာတစ်ခုအရလာမယ့် ၂၀၃၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လက်ရှိနျူကလီးယားတည်ဆောက်မှုအရှိန်အဟုန်အတိုင်း ဆက်လုပ်ရင် နျူထိပ်ဖူးပေါင်း (၁၅၀၀) အထိ သိုလှောင်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်ဟာ သူတို့ရဲ့ထိပ်ဖူးတည်ဆောက်မှုကို အရှိန်မြှင့်နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် နျူကလီးယားလက်နက်တိုက် တိုးချဲ့ဖို့ ရည်ရွယ်ချက်တွေ နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြထားတာပါ။ “သူတို့မှာ ဖုံးကွယ်ထားလို့မရလောက်အောင်…

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံရတာကြောင့် သေဆုံး

ကျိုက်ထို၊ ဒီဇင်ဘာ (၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်၊ ကံကော်လမ်းမကြီးထောင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ (AE) မိုင်းအောင်နေထွန်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ကျိုက်ထိုမြို့လျှပ်စစ်ရုံးကနေ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးနေအိမ်ကို မီးပြင်ဖို့သွားတဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ…

စစ်အာဏာသိမ်း (၆၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၅၃ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁) AAPP ရဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၈)ရက်အတွင်း ပြည်သူ (၂၅၅၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၇၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ဘီးလင်းမြို့နယ်မှာ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေ

ဘီးလင်း၊ ဒီဇင်ဘာ(၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဘီးလင်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ဖို့ဆိုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသလို အခြေစိုက်တပ်တွေကလည်း ညတိုင်နီးပါး ကျေးရွာတွေထဲကို…

သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ကလေးငယ် ၂ ဦး ဒဏ်ရာရ

သိမ်ဇရပ်၊ ဒီဇင်ဘာ(၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်မြို့ထဲက ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄၀ မမ…