November 2022

စီရော်နယ်လ်ဒိုဟာ စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြော

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၈) မန်ယူအသင်းနဲ့ လမ်းခွဲလိုက်ပြီး ဖြစ်တဲ့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုဟာ သူ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်လို့ မန်ယူအသင်းအဖော် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျူး အစီအစဉ်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့…

ပေါက်မြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ပေါက် – နိုဝင်ဘာ(၂၈) မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာ(၃) ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် ပြည်သူတွေရဲ့နေအိမ်(၉၀) ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၂၈) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ညောင်ရင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာ အနီးက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ…

လယ်သစ်ကျေးရွာ (၃) ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆) ဦးသေဆုံး

တနင်္သာရီ – နိုဝင်ဘာ(၂၈) တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေကြား (၃) ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၆) ဦး သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၅) ရက်နေ့က (၂၇) ရက်နေ့ထိ လယ်သစ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ပျူးစောထီးပူးပေါင်းစစ်ကြောင်းကို တနင်္သာရီပြောက်ကျားတပ်ဖွဲ့ရဲ့ ဦးဆောင်မှု နဲ့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မြိတ် ပ.က.ဖ ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။…

ဒဂုံဆိပ်ကမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ အနီးကပ်ပစ်ခတ်ခံရ

ရန်ကုန်၊ နိုဝင်ဘာ (၂၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ (၈၁) ရပ်ကွက်၊ ရွှေလီ (၅) လမ်းက ရပ်ကွက်ဓမ္မာရုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က ဒီနေ့ နံနက် ၉ နာရီမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရုံးအဖွဲ့ဝင်( ၆ )ယောက်ဟာ ဓမ္မာရုံအတွင်းရှိနေစဉ်မှာ လူငယ်နှစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး ဧည့်စာရင်းတိုင်ရန်အတွက်ဟုဆိုကာ ဓမ္မာရုံအတွင်းဝင်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။…

စစ်တပ်အာဏာသိမ်းပြီးနောက် မုဒိမ်းမှုကျူးလွန်သူတွေကို အရေးယူတာမရှိသေးဘူးလို့ NUCC ထုတ်ပြန်

မော်လမြိုင် – နိုဝင်ဘာ(၂၇) မြန်မာနိုင်ငံကို စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေအပါအဝင် အမျိုးသမီး တွေကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမှု (၁၂) ရဲ့ ကျုးလွန် သူတွေကို အပြစ်ပေးအရေးယူခံရတာ မရှိသေးဘူးလို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၅) ရက်နေ့ကစတင်တဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုနေ့အဖြစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။…

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မော်လမြိုင် – နိုဝင်ဘာ(၂၇) ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းအပတ်စဉ်သစ် သင်တန်းဖွင့်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၉) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်သစ်ကို ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက်တဲ့ ဒေသတစ်နေရာမှာ စတင်ခဲ့ပြီး သင်တန်းဖွင့်ပွဲကို တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ကျောင်းသားလက်ရုံးတပ်တော်

ကိုင်းလယ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီးခဲ့

ပေါက် – နိုဝင်ဘာ(၂၇) မကွေးတိုင်း ပေါက်မြို့နယ်က ကိုင်းလယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၆) ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကာ ဘန်ကာ ခြောက်ခုမှာ ငါးခုအထိ သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးတာတွေရှိခဲ့တဲ့အတွက် လေကြောင်း ပစ်ကူ ပေးခဲ့လို့…

KNU ဘိတ်ထားဝယ်ခရိုင်က လဝက်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံး

ထားဝယ်၊ နိုဝင်ဘာ (၂၇) ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး အခုလ (၁၆)ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ KNU ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေဖြစ်တဲ့ လယ်ကဆော၊ လယ်မူလား၊ ကစယ်ဒို၊ တနောသရီနဲ့ လယ်ဒိုးစိုးမြို့နယ်တွေအတွင်းကို စစ်ကောင်စီရဲ့…

မွန်ပြည်နယ်မှာ ကွမ်းရွက် ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၇) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေး အခြေအနေကြောင့် ကွမ်းရွက်မခူးရဲတာအပြင် စိုက်ပျိုးသူ နည်းပါးလာတာကြောင့် ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ကွမ်းရွက်အရောင်းအဝယ်ဒိုင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းရွက်ဈေးနှုန်းဟာ ပြီးခဲ့တဲ့လတွေအတွင်း တစ်ပိဿာကို ကျပ် (၂၅၀၀) ဝန်းကျင်သာ ပေါက်ဈေးရှိရာကနေ နိုဝင်ဘာ နောက်ဆုံးအအပတ်မှာတော့ တစ်ပိဿာကို ကျပ်(၇၀၀၀) ဝန်းကျင်ထိ ဈေးနှုန်း…

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွား

လောင်းလုံး၊ နိုဝင်ဘာ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်နဲပျူစောထီးအဖွဲ့ဝင် အင်အား ၆၀ လောက်ဟာ ညောပြင်ကျေးရွာအတွင်း…