November 2022

မိုးဗြဲမြို့ပေါ်မှာ ကလေးငယ် သုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးစိုးရိမ်ရ

မိုးဗြဲ၊ နိုဝင်ဘာ (၂၉) ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မိုးဗြဲမြို့ စက်တော်ရာဘုရားအနီးမှာ ဒေသခံကလေးငယ်(၃)ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇) ရက်နေ့က မိုးဗြဲမြို့ပေါ်က စက်တော်ရာဘုရားအနီးမှာ စစ်ရှောင်စခန်းကနေ နေရပ်ပြန်လာနေတဲ့ ကလေးငယ် ၃ ဦး ငှက်ပစ်ထွက်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ကလေးငယ် ၃ ဦးလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…

ကြာအင်းဆိပ်ကြီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့သွား

ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာ ၂ ရွာကို မီးရှို့သွားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ(၂၈)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲခန့်မှာ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ် ပုလိန်ကျေးရွာမှာ စစ်ကြောင်းထိုးရောက်ရှိလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ငြိမ်းချမ်းမြိုင်ကျေးရွာကိုလည်း မီးရှို့သွားခဲ့တယ်လို့…

စစ်အာဏာသိမ်း (၆၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၄၆ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၉) AAPP ရဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၆)ရက်အတွင်း ပြည်သူ (၂၅၄၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၆၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်မှာ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးသိမ်းယူနေ

မော်လမြိုင်၊ နိုဝင်ဘာ (၂၉) မွန်ပြည်နယ်မှာ မြဝတီနယ်စပ်ကနေတဆင့် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ပွဲရုံတွေနဲ့ ဈေးတွေအတွင်း လိုက်လံဖမ်းဆီးသိမ်းယူနေတယ်လို့ ပွဲရုံ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကတော့ ထိုင်းနိုင်ငံထုတ် ဇွန်နှစ်ကောင်တံဆိပ်ပါတဲ့ စားသုံးဆီတွေဟာ အခွန်မဆောင်ဘဲ တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လိုက်လံဖမ်းဆီးသိမ်းယူနေတာ…

KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

သထုံ၊ နိုဝင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ၊ တိုတယ်ခီးဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ်ထဲမှာ ရှိတဲ့ KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၁၁…

PDF ဂိမ်းစ် ဆော့ကစားသူတွေကို အကြမ်းဖက်မှု ဥပဒေနဲ့ စစ်ကောင်စီ ခြိမ်းခြောက်လာ

ရန်ကုန်၊ နိုဝင်ဘာ (၂၉) စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ဝင်ငွေရလမ်းကြောင်းတွေကို ထောက်ပံ့ပေးနေတဲ့ PDF ဂိမ်းစ် ဆော့ကစားသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ PDF ဂိမ်းတွေဖြစ်တဲ့ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes နဲ့…

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီပုဒ်မ ၂ ခု ထပ်တိုးအမှုဖွင့်

တနင်္သာရီ၊ နိုဝင်ဘာ (၂၉) ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှု ၂ မှု ထပ်တိုး အမှုဖွင့်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်ကို ဖောက်ဖျက်တာ၊ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးဖို့ လှုံဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့…

လိင်အလုပ်သမတွေကို PDF တွေ ခေါ်သွားသယောင် စစ်ကောင်စီဘက်သားတွေ ဝါဒဖြန့် အမှန် /အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊ အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မွန်ပြည်နယ်မှာ အကြမ်းဖက်သူပုန်တွေ လာရောက်ခေါ်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

နိုင်ငံတော်အတိုင်ပင်ခံကို စွပ်စွဲထားတဲ့ အမှု လေးမှုအတွက် တရားရုံးထွက်ဆိုမှု ပြီးစီး

နေပြည်တော် – နိုဝင်ဘာ(၂၈) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှုတွေထဲက ကျန်ရှိနေတဲ့ အဂတိအမှု လေးမှုလုံးအတွက် ကိုယ်တိုင်တရားရုံးမှာ ထွက်မှုဟာ ဒီနေ့ နိုဝင်ဘာလ(၂၈) ရက်နေ့ရုံးချိန်း မှာပြီးစီးသွားပြီလို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရုံးချိန်းမှာ ရာဇသတ်ကြီးအမှုအမှတ် ၄၇၊၄၈၊၄၉၊၅၀ အထိအမှု လေးမှုကို ထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား…