ကယားပြည်နယ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ
လွိုင်ကော်၊ နိုဝင်ဘာ (၁၂) နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ နိုဝင်ဘာ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁) ရက်နေ့က လွိုင်ကော်မြို့နယ် လင်ဖုံကြီးနဲ့ဝမ်ပန်ကျေးရွာမှာ လက်နက်ကြီး…