အာဏာသိမ်း စစ်အုပ်စုဟာ ရုရှားနိုင်ငံရဲ့ နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ဖြစ်နိုင်ခြေအလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြ တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ စစ်အုပ်စုကတော့ နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေ အတွက် အကျိုးရှိရှိ အသုံးချသွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ စံချိန်စံညွှန်းတွေကို လိုက်နာသွားမယ်လို့ ပြောဆိုလာပါတယ်။ ဒါကြောင့် စစ်အုပ်စုက နျူကလီးယားဓာတ်အားပေး စက်ရုံတည် ဆောက်သွားမယ့်အပေါ် ဘယ်လိုမြင်ပါသလဲ။ သူတို့အနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်း တွေ ကို ထုတ်လုပ်လာနိုင်လား။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ကောင်းသူဝင်းနဲ့ ဆက်သွယ်မေး မြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်အုပ်စုက ရုရှားနိုင်ငံရဲ့ နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အား ပေး စက်ရုံတည်ဆောက်သွားမယ့်အပေါ် ဘယ်လို မြင်ပါသလဲ။

နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့နဲ့ ပက်သက်တယ်ဆိုရင်တော့ စစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ရှရှားဖက်ဒရေးရှင်းနိုင်ငံကို ဒီနိုဝင်ဘာလ၁၈ရက်နေ့ကသွားခဲ့တာ ရှိတယ်ပေါ့။ နောက်ပြီးတော့ နျူကလီးယားသတင်းအချက်အလက်စင်တာကို လေ့လာခဲ့တယ်။ အဲဒီမှာရှိတဲ့အဖွဲ့တွေနဲ့ ဒီသဘောတူစာချုပ်တွေလည်း ချုပ်ခဲ့တယ်။ စာချုပ်တွေချုပ်ခဲ့ပြီးတော့ ဒီရန်ကုန်မှာ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်မယ်ပေါ့။ တည်ဆောက်ပြီးတော့ ကျန်တဲ့ဆက်စပ်လုပ်ငန်း တွေကို ဆက်လက် လုပ်မယ်ဆိုတဲ့ အနေအထားလေးကို တွေ့ရတယ်ပေါ့နော်။ သူတို့ဒီနျူကလီးယား စက်ရုံ ကိုတော့ သူတို့ပြောတာတော့ ငြိမ်းချမ်းသော ရည်ရွယ်ချက်ပေါ့။ လက်နက်ခဲယမ်း မထုတ်ဘူးပေါ့။ တည် ဆောက်မယ်ပေါ့။ ဒါပေမယ့် ဒါကတော့ သူတို့ထုတ်ပြန်တဲ့အချက်ပေါ့။ မြင်ရတဲ့အခြမ်းပေါ့။ မမြင်ရတဲ့ဘက်အခြမ်းမှာတော့ သူတို့လုပ်လာနိုင်တာက နျူကလီးယားနဲ့ဆိုင်တဲ့ လက်နက်ခဲယမ်း ဒုံးကျည်ထိပ်ဖူးလို့ဟာတွေပေါ့။ တည်ဆောက်လာနိုင်တယ်။

-နောက်တစ်ခုက စစ်အုပ်စုအနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်လား။ ဒီလိုလုပ်ဖို့ သူတို့မှာ ပြင်ဆင်ထားပြီးလား။

စစ်အစိုးရလက်ထက်တည်းက နျူကလီးယားနဲ့ ပတ်သက်ပြီး သတင်းတွေထွက်လာသလို နျူကလီးယားလက် နက်တွေ တည်ဆောက်ဖို့ဆိုရင် ရွေးချယ်ထားတဲ့နေရာ၊ ရွေးချယ်ထားတဲ့အခြေခံအုတ်မြစ်တွေ အဲဒီလိုမျိုး တွေက ရှိပြီးသားလို့ ယူဆလို့ရတယ်ပေါ့။ အဲဒီအတွက်သူတို့တစ်ကနေစတင်ပြီး လုပ်ရမှာမဟုတ်ဘဲရှိပြီးသား နေရာကိုပြန်လည်ပြီးတော့ မွမ်းမံပြီးတော့ တည်ဆောက်လာနိုင်တယ်ပေါ့။ အဲဒီအတွက် သူတို့အနေနဲ့ နျူကလီး ယားနဲ့ပတ်သက်ရင် သူတို့ရှေ့မှာတစ်မျိုး လုပ်သလို ဟိုနောက်မှာလည်း နောက်တစ်မျိုး လုပ်နိုင်တယ်ပေါ့နော်။ နည်းနှစ်မျိုးစလုံးကို သူတို့အနေနဲ့ တပြိုင်နက်တည်း တည်ဆောက်လာနိုင်တယ်လို့ မြင်တယ်။

-ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။ အာဏာသိမ်း စစ်အုပ်စုအနေနဲ့ အဏုမြူလက်နက်ခဲယမ်းတွေကို ပိုင် ဆိုင်ဖို့ ကြိုးပမ်းလာမှုအပေါ် ဘယ်လို မြင်ပါသလဲ။ ဒီအခြေအနေကရော နိုင်ငံတကာအပါအဝင် ပြည်သူ တစ်ရပ်လုံးအတွက် ဘယ်လောက်ထိ စိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။

နျူကလီးယားက သူတို့စစ်ကောင်စီလက်ထဲမှာ ရှိသွားပြီးဆိုရင် ပြည်တွင်းနဲ့ ပြည်ပပေါ့။ အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်း အများကြီး အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်ပေါ့။ အဲဒီအတွက် သူတို့အနေနဲ့ ပိုင်ဆိုင်ချင် မှာပေါ့။ ပိုင်ဆိုင်ချင်တဲ့အတွက် သူတို့အများကြီး ကြိုးစားမယ်ပေါ့။ အများကြီး ကြိုးစားပြီး လုပ်လာနိုင်တာ ရှိတယ်။ နောက်ပြီးတော့ နျူကလီးယားလက်နက်က သူတို့လက်ထဲ ရောက်သွားပြီဆိုရင် ပြည်သူလူထုကို လည်း ဒါခြိမ်းခြောက်မှုတွေ အများကြီး ရှိတယ်ပေါ့နော်။ ပြည်သူလူထုကို ဘယ်လိုခြိမ်းခြောက်နိုင်လဲ ဆိုတော့ သူတို့က အာဏာတည်မြဲရေးအတွက်ဗျာ။ ဘာမဆိုနည်းမျိုးစုံ အကုန်လုပ်တဲ့အနေအထား ဖြစ်တယ်။ အဲဒီအ တွက် နျူကလီးယားလက်နက်က လက်ထဲမှာရှိလာပြီ ဆိုရင် သူတို့အတွက် ခြိမ်းခြောက်စရာ အကောင်းဆုံး ပေါ့။ ဒါဘယ်ပြည်နယ်ပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်တိုင်းဒေသပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်နေရာမျိုးကို ဖြစ်ဖြစ်သူတို့အနေနဲ့ လုပ်လိုက်တဲ့အခါမှာ အများကြီး သက်ရောက်မှုရှိတယ်။ လူ့အဖွဲ့အစည်းမှာပေါ့။ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ကို ခြိမ်းခြောက်လာနိုင်တဲ့ ပထမဆုံးသော ဒါလူ့အဖွဲ့အစည်းပေါ့။ အဲဒီလိုမျိုးဖြစ်လာနိုင်တယ်ပေါ့။                     

-နောက်ဆုံးအနေနဲ့ စစ်အုပ်စုဘက်က နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

နျူကလီးယားလို၊လက်နက်လို မထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့အများကြီး စောင့်ကြည့်သင့်တယ်။ စောင့်ကြည့်တဲ့နေရာမှာလည်း အရင်တုန်းကလိုမျိုး ဒါသူတို့ လျိုဝှက်စွာလုပ်တဲ့အနေအထားတွေမှာ ကျွန်တော် တို့ အခု အများကြီးရှိတယ်ပေါ့။  အတွင်းလူတွေ အများကြီးရှိတယ်။ သတင်းပေးတွေ ရှိတဲ့အတွက် ဒီလိုမျိုး နျူကလီးယားလက်နက်နဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေကို သိသိချင်းပဲ သတင်းမီဒီယာတွေပဲ ဖြစ်ဖြစ် NUGလို အစိုးရအဖွဲ့ပဲဖြစ်ဖြစ် နိုင်ငံတကာအဖွဲ့အစည်းလိုပဲဖြစ်ဖြစ် သတင်းပေးသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.