ဘီးလင်း၊ နိုဝင်ဘာ (၃၀)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စု၊ အင်ဖလောင်းကျေးရွာမှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တောင်စွန်းကျေးရွာကနေ အင်ဖလောင်းကျေးရွာမှာ ချဲဖိုး လာကောက်တဲ့ ပြည်သူ့စစ်ခေါင်း ဦးဖုန်းမြင့်ကျော်ကို အမည်မသိသေနတ်သမား ၂ ဦးက အနီးကပ်သေနတ် နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းမြင့်ကျော်ဟာ ခေါင်းနဲ့ရင်ဘတ်တွေမှာ သေနတ်ဒဏ်ရာတွေရရှိပြီး ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးဖုန်းမြင့်ကျော်ဟာ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နဲ့ ပြည်သူ့စစ်ခေါင်း ဆောင်ဖြစ်ပြီး သူကြောင့် ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေးနေရတဲ့ သူတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းမြင့်ကျော်ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင်တွေ အပါအဝင် သတင်းပေးဒလန် ၃၀ ထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.