ဒီမော့ဆို – နိုဝင်ဘာ(၃၀)
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်် သေးဆူလဲကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၉) ရက်နေ့ နေ့လည် ပိုင်းအထိ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို အတွဲလိုက်ဒုံးတွေ၊လက်နက်ကြီးတွေနဲ့ ဆက် တိုက် ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်ထိခိုက်မှုတွေရှိနေပြီး အခုချိန်မှာ ဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ ပြောလို့မရသေးဘူးလို့ ဒီမော့ဆိုပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ သတင်း ပြန်ကြားရေးတာဝန်ခံ ဦးကယန်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ကယားပြည်နယ် သေးဆူလဲကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ-၆၆ အပါအဝင် တခြားဒေသတွင်း တပ်ရင်း၊တပ်ဖွဲ့တွေ အထိုင်ချပြီး အင်အားဆက်တိုက်တိုးချဲ့နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၈) ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်နဲ့ ရိက္ခာတင်ဆောင်လာတဲ့ ကားကို KRU အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ကားပျက်စီးပြီး သုံးဦးသေဆုံးထားပါသေး တယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ အတွက် ဒေသခံပြည်သူ (၂) သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စစ်ကောင်စီ ကတော့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ပြန်လာဖို့ ခေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်