လန်ဒန် – နိုဝင်ဘာ(၃၀) 

တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာ ဘီဘီစီသတင်းထောက်တစ်ဦး အရိုက်ခံရပြီးနောက် တရုတ်ဟာ ဗြိတိန်ရဲ့ တန်ဖိုးနဲ့ အကျိုးစီးပွားအတွက် စနစ်ကျတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ဆိုပြီး ဗြိတိန် ဝန်ကြီးချုပ် ရီချီဆွန်နက်က ပြောခဲ့ပါတယ်။ 

ပထမဆုံး အဓိက နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းမှာ ဆွန်နက်က တရုတ်နိုင်ငံနဲ့ ယူကေဆက်ဆံရေးရဲ့ ရွှေခေတ်လို့ခေါ်တဲ့ ကုန်သွယ်ရေးဟာ လူမှုရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆီကို အလို အလျောက် ဦးတည်လာမယ်ဆိုတဲ့ နုံအ တဲ့အကြံအစည်နဲ့အတူ ကုန်ဆုံးသွားပြီလို့ ဆိုခဲ့တာပါ။ 

“တရုတ်နိုင်ငံသို့ ကျွန်ုပ်တို့ရဲ့ ချဉ်းကပ်မှုကို နက်ရှိုင်းအောင်လုပ်ဆောင်ရန် လိုအပ်လိမ့်မည်” လို့ ဆွန်နက်က ပြောခဲ့ပြီး တရုတ်ဟာ “နိုင်ငံတော်အာဏာကို အသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုအတွက် ရည်ရွယ်ချက်ရှိရှိယှဉ်ပြင်နေတယ်” လို့ ပြောခဲ့ပါတယ်။ 

ဆွန်နက်ကို ကွန်ဆာဗေးတစ်ပါတီဝင်တချို့ကတော့ ဝန်ကြီးချုပ်ဟောင်း လစ်ထရက်စ်ထက် တရုတ်နိုင်ငံအပေါ် ရပ်တည်ချက်လျော့ရဲတယ်လို့ ပြောဆိုနေကြပြီး ဝန်ကြီးချုပ်ကို ဝေဖန်တာ တွေရှိနေပါတယ်။ 

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်းနဲ့ တရုတ်နိုင်င့ဆိုင်ရာ ပါလီမန်များ မဟာမိတ်အဖွဲ့ ပူးတွဲဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖူးတဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်း ဒွန်ကန်စမစ်က ဆွန်နက်ရဲ့ ခိုင်မာသော လက်တွေ့ကျမှုဟာ ဘာမဆိုဖြစ်နိုင်နိုင်ပြီးရွှေပြည်အေး ဖြစ်လာနိုင်တယ် လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် ဆွန်နက်ဟာ ဘာလီမှာ ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် အစီအစဉ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ 

” ရှင်းလင်းပါတယ်၊ ‘ရွှေခေတ်’ လို့ ခေါ်တဲ့ ကုန်သွယ်ရေးက လူမှုရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုဆီကို ဦးတည်စေမယ့် နုံအတဲ့အယူအဆနဲ့အတူ ပြီးသွားပါပြီ” လို့ ဆွန်နက်က ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂျော့အိုစဘောနီရဲ့ ၂၀၁၅ ခုနှစ် တရုတ်-ဗြိတိသျှ ဆက်ဆံရေးအကြောင်းဖော် ပြချက်ကို ကိုးကားပြီး ပြောခဲ့ပါတယ်။ 

ဒါ့အပြင် သူ့ရဲ့ အစိုးအရအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း မဟာမိတ်တွေရဲ့ ကုန်သွယ်မှုနဲ့ လုံခြုံ ရေးဆိုင်ရာ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေးဟာ ခွဲခြားလို့မရဘူးလို့ သူက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က လန်ဒန်မှာ တရုတ်လုပ် လုံခြုံရေးကင်မရာတွေကို အရေးကြီးတဲ့ အစိုးရ အဆောက်အဦးတွေမှာ တပ်ဆင်အသုံးပြုတာကို တားမြစ်ခဲ့ပြီး ဆွန်နက်ဟာ တရုတ်ယဉ်ကျေးမှု နဲ့ဘာသာစကားကို မြှင့်တင်ပေးတဲ့ ကွန်ဖြူးရှပ် အင်စတီကျူတွေအားလုံးကို ပိတ်ပစ်ဖို့ အရင်က ကတိပြုထားတာဖြစ်ပါတယ်။ 

ဒါပေမယ့် တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ပေးထားပြီး တရုတ်ဆိုက်ဘာ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး ဗြိတိန်ကုမ္ပဏီ တွေနဲ့ တက္ကသိုလ်တွေမှာ တရုတ်ရဲ့သူလျှိုလုပ်တာ တွေကို တန်ပြန်ဖို့ ကူညီပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

“တရုတ်ဟာ ကျွန်ုပ်တို့၏တန်ဖိုးများနှင့် အကျိုးစီးပွားများအတွက် စနစ်ကျသောစိန်ခေါ်မှုတစ် ရပ်ကို သိရပါတယ်၊ ၎င်းဟာ ပို၍ကြီးမားတဲ့ အာဏာရှင်စနစ်ဆီသို့ ဦးတည်ရွေ့လျားလာသည် နှင့်အမျှ ပိုမိုပြင်းထန်ပြင်းထန်လာမယ့် စိန်ခေါ်မှုတစ်ခုဖြစ်တယ်” လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါ တယ်။ 

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.